Love piano🌸Ep.11

Start from the beginning
                                    

"ငါနဲ့ပဲ အပြင်ထွက်ခွင့်ရမယ် ငါပါမှ အပြင်ထွက်လို့ရမယ်။

"ကောင်းပြီ သဘောတူတယ်... အခုသွားမယ်လေနော်...

လက်မောင်းကို ဆွဲဖက်ကာ ချွဲကာ စကားဆိုလာတဲ့ ကောင်လေးကြောင့် အကြိမ်ကြိမ် ပြုံးနေမိသည်ကာ မင်းကြီးပါပင်.... ဒီလို ချစ်စရာ ကောင်းသည့် ကောင်လေးမျိုး မမြင်ဖူးသေးပါပင်

ခန္ဓာကိုယ်လေးဟာ သေးသွယ်သလောက် အဆော့လည်းမက်သည်... မြင်သူအဖို့အတွက်တော့ ငါးနှစ်အရွယ်ကလေးတစ်ယောက်ကို ထိန်းနေရသည်နဲ့တူသည်။

အဖြူရောင် ဝတ်ရုံပါးတစ်ထည်ကိုအပေါ်ကနေ ထပ်ဝတ်ထားသည် ... အပြင်ထွက်ရင် ဆောင်းနေကျ အဖြူရောင်ပုဝါပါးလေး အုပ်မိုးထားတဲ့ ခပ်မောက်လေးကို ဆောင်းကာ...ခါးအထိရှည်တဲ့ ဆံနွယ်တွေက ပုဝါပါးလေးတွေအောက်မှာ ကျော့ရှင်းလို့နေပါသည်။

ဖြူဥနေတဲ့ အသားအရေလေးတွေဟာ အထိရက်မကိုင်ရက်လောက်အောင် နူးနူးညံ့ညံ့လေးပါပင်... အပြင်ထွက်ရမည်ကို ပျော်နေတဲ့ အကောင်ပေါက်လေးဟာ အရှေ့ကနေ ပြေးမတပ် လမ်းလျှောက်နေသည်

လမ်းရှိ အစေခံများ ကုန်းကုန်း များက မင်းကြီးအား နှုတ်ဆက်ကျသော်လဲ... မင်းကြီး၏ မနှောက်ယှက်နဲ့ဟု ဆိုသော လက်အမှုအရာကြောင့် တစ်ယောက်မှပင် အသံမထွက်လာပါ...

အရှေ့ကနေ လှုပ်စိလှုပ်စိ နဲ့ ပိုးကောင်လေး လမ်းမြန်မြန်လျှောက်နေဟန် တူတဲ့ ထိုကောင်လေးကို အနောက်ကနေ ကြည့် ရရင်နဲ့ကို အသည်းယားလို့ အကြိမ်ကြိမ်ပြုံးနေမိသည်

စတွေ့တဲ့ အချိန်ကစလို့ ယခုအချိန်ထိ ထိုကောင်လေးကြောင့် ပြုံးမိသည်က အကြိမ်ကြိမ်အခါခါပင် ပါပဲ။

"မင်းကြီး ဘယ်သွားမလို့လဲ...

"နန်းတော် အပြင်ကို

"ဟင်...အော် ကြင်ယာတော်ကိုအဖော်ပြုမလို့လား

အရှေ့က ကြင်ယာတော်ကို မြင်တော့ လုန်သယ်တစ်ယောက် မင်းကြီးအား စနောက်ပြန်သည်။

"အင်း... ကြင်ယာတော်က ဆောင်တော်မှာနေရတာ ငြီးငွေ့ တယ်ဆိုလို့...

"ဟားးဟားးးး လူပျိုသိုးကြီး ချစ်တတ်လာရင်ဘယ်သူမှ လိုက်မမှီတော့ဘူး...

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now