Love piano🌸Ep.10

Start from the beginning
                                    

ဒုတိယအချီ မင်းဧကရာဇ် နဲ့ စစ်သူကြီးတို့ အောင်ပွဲခံ၍ ပြန်လာသော အကြိမ်...

မင်းဧကရာဇ် ဟာ တစ်ခြားမင်းကြီးများနဲ့မတူပဲ သူကိုယ်တိုင် စစ်ပွဲနွဲလေ့ရှိသည်... စစ်နတ်ဘုရားလို့ တင်စားလောက်ရတဲ့ စစ်သူကြီးကို ရထားပါသော်လဲ စစ်ပွဲတိုင်းကို မင်းကြီးက ဝင်သမြဲပါပဲ....။

စစ်နတ်ဘုရား အလားတိုင်း စစ်ရေးစစ်ရာမှာ ဗျူဟာဆန်းတွေကို တွေးတတ်ပြီး ရန်သူကို တိုက်ထုတ်နိုင်တဲ့ မင်းကြီးနဲ့ စစ်သူကြီး ပါဝင်တဲ့ စစ်ပွဲတိုင်းဟာ ရှုံးတယ်ပင် မရှိခဲ့ပါ .... ပြိုင်ဘက်ကင်းနေတဲ့ တိုင်းပြည်ကြီးကို စစ်ကြော်ငြာရဲတဲ့ တိုင်းပြည်တွေဟာ အလွန်ပင် ညာဏ်ဖျင်းလှသည်

နန်းတော်မှာ ဘာတွေဖြစ်နေလဲသူမသိပါ... အဆောင်တော်ကလဲ မထွက်ဖြစ်ပါ အကြောင်းအရင်းကတော့ အကိုတော်၏ အမှာစကားကြောင့်ပင်... အဆောင်တော်အပြင် မထွက်ပါနဲ့ ဟုမှာခဲ့တဲ့ အကိုတော်စကားရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေနိုင်လဲ မသိရပါ...

ရှောင်ပိုင် ဒီဖြတ်ကျော်လာတဲ့ နှစ်နှစ်အတွင်းမှာ ပြင်းလွန်းလို့ အရည်ပါညှစ်လို့ရနေပါပြီ
တစ်နှစ်မှာ တစ်ခါပဲ သီးတဲ့ ပန်းသစ်တော်ပင်ကြီးလဲ သူခူးစားလွန်းလို့ အသစ်တောင်မသီးနိုင်တော့....

ရှောင်ပိုင်တွေးမိသည်က ဝါးတောထဲက အိမ်လေးကသူ့အတွက် ပိုလို့တောင် လွတ်လပ်ပြီး နေသာထိုင်သာ ရှိသေးသည်...ဒီနေရာဟာ မီးအလင်းရောင် ရှိပြီး ကောင်းကောင်းမွန်မွန် ဝတ်စားရတာကလွဲလို့ ဘာမှပင်မကောင်းပါ..ထိုဝါးတောထဲကအိမ်လေးမှာနေတာမှ အပြင်ကို ခိုးထွက်ချင် ထွက်ရအုံးမယ်

"မင်းကြီး ဘယ်ကိုလဲ ....အလောတစ်ကြီးနဲ့ ဘယ်သွားမလို့လဲ

"ကျီးချူးဆောင်ကို...ကြင်ယာတော်ကိုသွားကြည့်မလို့...

"အင်းးးပေါ့လေ...ဇနီးလေးကို လွမ်းလှရောပေါ့

စစ်ပွဲကပြန်အလာ သံချပ်ဝတ်ရြံတွေပင်မချွတ်ရသေးပဲ အလောတစ်ကြီး သွားနေတဲ့ မင်းကြီးကို လုန်သယ်အနောက်ကနေ လှန်းမေးလိုက်ချင်းသာ ဖြစ်သည်....

သူတို့ သူငယ်ချင်း လဲဖြစ် ညီအကိုလဲဖြစ်တဲ့ မင်းကြီး ချစ်ရသူ ရသွားတယ်ဆိုတာကို ပျော်နေကျသည်သာ.... တစ်သက်နဲ့တစ်ကိုယ် သူဂရုစိုက်တဲ့ မိန်းကလေး ကို တစ်ခါမှပင်မမြင်ဖူးခဲ့ပါ... ထိုကြောင့် လူပျိုသိုးကြီး ဖြစ်တဲ့ သူတို့ မင်းကြီးကို တွေ့တိုင်း စနောက်ဖြစ်လေသည်

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now