Love piano🌸Ep.4

Start from the beginning
                                    

"ဒီလိုဆိုတော့လဲ မင်းကြီးက သက်ညှာတတ်သားပဲ

သူ့ရှေ့ကအရာလေးတွေကို ကြည့်ကာ ရှောင်ပိုင် ခုန်ပေါက်ရင်း ဝင်သွားလေသည် ... အိမ်တော်နဲ့ယှဉ်ရင် ဒီအခန်းလေးဟာ သူ့အတွက် သေးလွန်းနေပြီး စိတ်ကျဉ်းကျပ်ရပေမယ့် သူမှ မတတ်နိုင်ပဲ မင်းကြီး ထားရာသာ နေရမည်လေ

"မိဘုရား မင်းကြီးဆောင်တော်မှာမရှိပါဘူး

"ဖမ်းစမ်း ငါ့ကိုမထိနဲ့  ဒီဆောင်တော်က ကမကို ငါကိုယ်တိုင်ဝင်ရှာမယ်

"မိဘုရား မင်းကြီးမရှိပါဘူး

"ဒုန်း"

ထိုအသံနဲ့အတူ မင်းကြီးအိပ်ဆောင်တံခါးဟာ ဖွင့်သွားလေသည်....ဆောင်တော်ထဲတွင်တော့ မည်သူ တစ်ဦးတစ်ယောက်မှပင် ရှိမနေပါ တိတ်ဆိတ်နေတဲ့ အခန်းကျယ်ကြီးက မိဘုရားမေရွယ်အား ကြိုဆိုလျှင်ပင်


"ယွဲ့ရိ.... မင်းခံနိုင်သေးလား

"အင်း

ဖုကျန်းဂူတံခါးကို သူ၏ သန့်စင် စွမ်းအားကိုသုံးကာ အထဲက နဂါကြီး တည်ငြိမ်စေရန် အေးချမ်းဂါထာကိုသုံးကာ ရွတ်ဖတ်နေသည်

ဒဏ္ဍာရီ ပုံပြင်တွေအရ ဒီနဂါကြီးဟာ မိစ္ဆာနှလုံးသားနဲ့အတူ ချိတ်ပိတ်ခံထားရသည်ဟု သိရလေသည် ... မိစ္ဆာဘုရင်ကို တားနိုင်ဖို့ နတ်သက်အကြွေခံပြီး နဂါးခန္ဓာထဲ မိစ္ဆာ နှလုံးကို ချိတ်ပိတ်ခဲ့တာတဲ့

ဒါတွေကအခုချိန်မှာအရေးမကြီးတော့ဘူး အခုလုပ်ရမှာက ဒီနဂါကြီး မလွတ်မြောက်ဖို့ပဲ ဒီနဂါကြီး လွတ်သွားရင် မိစ္ဆာနှလုံးသားကခန္ဓာကိုယ် လိုက်ရှာတော့မှာ

အင်း....

"သတင်းပို့ပါတယ် မင်းကြီး.... အကြံပေးလျိုချင်

"ဘာကိစ္စလဲ

"မိဘုရား ဝမ်ရွယ် မင်းကြီးအိပ်ဆောင်ကို ရောက်နေပါတယ်

"ဟုတ်ပြီ ပြီးရင်လာခဲ့မယ်

"အဟင်းး... မနေ့က ကိစ္စပြသနာရှာတော့မယ်ထင်တယ် ယွဲ့ရိ

"ပါးစပ်ပိတ်ထား သူကဘာကြောင့်ပြသနာရှာရမှာလဲ ငါတို့ကပတ်သ-တ်မှုမှမရှိတာ

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now