Love piano🌸Ep.3

Start from the beginning
                                    

မင်းကြီး အပြစ်ပေးတာဟာ အရမ်းရက်စက်တာမို့ ရှောင်ပိုင်ခမျာ အသံလေးတွေ တစ်စပ်စပ်တုန်သည်အထိ အောက်ပိုင်းနေရာက နာကြင်သည်... အမိုးအကာမရှိ ခန္ဓာကိုယ်ပေါ်မှာ ဝတ်စုံတစ်ခုနဲ့ စောင်လေးတစ်ထည်သာ ရှိသည်... သို့သော်လည်း ညခင်း လေစိမ်းတွေရဲ့ ဒဏ်ကို မခံနိုင်ပါ

အေးလွန်းလို့ လက်ဖျားလေးတွေက တုန်ရီနေပြီး ပါးဖောင်ဖောင်းလေးဟာ နီရဲနေသည် ပန်းဆီ ရောင် နှုတ်ခမ်းလေးဟာ အပြာရောင်အနည်းငယ်သန်းနေသည်

ဒီညအဖို့ ရှောင်ပိုင် ဘယ်လို ဖြတ်သန်းရမလဲ

(မနက် ညီလာခံ ခန်းမကြီး)

"ယွဲ့ရိ ဖုကျန်း ဂူက အခုတစ်လော လှုပ်ရှားမှုတွေရှိနေတယ်

"ဘယ်လိုပုံစံလဲ လျိုချင်

"ပုံစံတော့မသိပေမယ့် ဖုကျန်းဂူကို ပိတ်ထားတဲ့ တံခါးက အခုရက်ထဲ လှုပ်ရှားမှုရှိနေတာ

"ငါ သွားကြည့်လ်ုက်ပါ့မယ်

"ဒါနဲ့ ယွဲ့ရိ ....

"ဘာဖြစ်လဲ ....

"နန်းတော်အိုကြီးထဲကလဲ အသံတစ်မျိုးကြားရတယ်... ငါဝင်ကြည့်ဖို့လုပ်ပေမယ့် အတားအစီးတွေရှိနေတယ်

"အဲ့ဒီနန်းတော်က အရမ်းအိုဟောင်းနေပြီမဟုတ်ဘူးလား...ထူးဆန်းတယ် ရေအောက်မှာ နှစ်ပေါင်း များစွာ မြုပ်နေတာတောင် အပျက်အစီး မရှိဘူး

"ဒဏ္ဍာရီ ပုံပြင်တွေမှာပြောကျတာတော့ အဲ့ဒီနန်းတော်မှာ မိစ္ဆာဘုရင်နေဖူးတယ်တဲ့

"ဒါနဲ့ အခုချိန်ထိ ဘာသတင်းမှမကြားရပဲ ပျောက်နေတဲ့ နန်းတော်ကိုအုပ်ချုပ်ရဲ့ မင်းကြီးရဲ့ လျှို့ဝှက် ဖွတ်ထားတဲ့ လူအကြောင်းက အခုထိ ဘာသတင်းမှမကြားရဘူး

"ပြောလို့ဘယ်ရမလဲ... မိစ္ဆာဘုရင်ဒီလောက် သောင်းကျန်း ခဲ့တာ သူလဲ သေသွားတာ ဖြစ်နိုင်တာပဲ

"လျိုချင်  ဝူချောင် ရော

"ဖုကျန်းဂူမှာ... စိတ်မချလို့ ရေအောက်နန်းဆောင်မှာ သွားနေနေတယ်

"အင်း ကောင်းတယ်

မနက် နေရောင်ချယ်ဟာ ရှောင်ပိုင် မျက်လုံးလေးကို ထိုးဖောက်လာသည်.... ဘယ်လို အိပ်ပျော်သွားမှန်းမသိပေမယ့် ညကသူအတော်လေး ကြောက်ခဲ့ရသည်မှာအမှန်ပင်လေ

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now