" အင်း "

" ချာတိတ် လာလေ... ဝတ်စုံ ဝတ်ကြည့်ရမယ်လေ "

မှုန်ကုပ်ကုပ်မျက်နှာလေးနဲ့ ရပ်နေတဲ့ သူမကို အဝတ်လဲခန်းဆီသွားဖို့... အနားသွားပြီး လက်ကနေ ဆွဲခေါ်ရသည်။

ကိုယ်က အဲ့လိုခေါ်တော့... အဆင်ပြေလို့ ချစ်ကြည်နူးပြီး၊တစ်တစ်တူးနေတဲ့ ဟိုစုံတွဲက ပြုံးစိစိတွေနဲ့
ကြည့်နေကြသည်။

ဒီကြားထဲ ရှိန်းဆက်မာန်ဆိုတဲ့ ကောင်က ကျွန်တော့်ကို မှီဖို့လိုသေးတယ် ဘဲကြီးဆိုတဲ့ အကြည့်နဲ့ကြည့်လာသေးတာမို့... ကိုယ့်မှာ ရင်ခံရသေးသည်။

" ဘာရပ်နေတာလဲ သွားတော့လေ "

အဝတ်ခန်းထဲ တခေတ် ဝင်နေပြီးတာတောင် မသွားသေးဘဲ အခန်းရှေ့မှာ ရပ်နေသေးတဲ့ ဦးလေးကြီး။

" ချာတိတ် အဆင်မပြေမှာဆိုးလို့ အပြင်ကနေ ရပ်စောင့်နေမလို့ပါ "

" အဆင်မပြေရင် ဦးလေးကြီး က ဝတ်ပေးမလို့လား။ဒီမှာ ကူဝတ်ပေးမယ့် ဆိုင်က ဝန်ထမ်းအစ်မတွေရှိတယ်။အပိုတွေ လုပ်မနေဘဲနဲ့ ကိုယ့်ဝတ်စုံသာ ကိုယ့်ဘာသာ သွားဝတ် "

လူကို အော်ငေါက်ပြီး အဝတ်လဲခန်းထဲဝင်သွားတဲ့
သူမ။တကယ့်မလွယ်ကြောလေးပဲ။ဒီပုံတိုင်းဆို မနက်ဖြန်ပွဲမှာလည်း ကောက်စိန်လေးဖြစ်နေတော့မှာ မြင်ယောင်မိသေးတယ်။

" အပြောကြီးတဲ့ ဘဲကြီး ပြောတော့ အဆင်ပြေကာတယ်ဆို... အခုကျတော့ အဟောက်ခံနေရပါလား "

" အဟင်း အပြောကြီးတယ်တဲ့လား။ဆိုးတာလေးက
ချစ်ဖို့ကောင်းနေလို့ အလိုလိုက်ပေးထားရုံလေးပဲ "

" အခုထိ အဆင်မပြေသေးတာတောင် အပြောကတော့ မလျော့ဘူးဘဲ။ဘဲကြီး က လေကြီးချက် "

" ငါ က လေပဲကြီးတတ်တာလားဆိုတာ မင်း စောင့်ကြည့်နေလိုက် အိုကေ "

" အိုကေ "

တိုက်, ဆက်ဆိုတဲ့ ချာတိတ်ကို မျက်လုံး တစ်မှိတ်ပြပြီး အဝတ်လဲရန် ယောက်ျားလေး အဝတ်လဲခန်းထဲ
ဝင်လာခဲ့လိုက်သည်။

" ညီမလေးက ဝတ်စုံလေးနဲ့ အရမ်းလိုက်တာပဲ။အပြင်က အစ်ကိုတွေ မြင်ရင် သဘောကျမယ်ထင်တယ် "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now