" အစ်ကိုဖြိုးသူ ကို ဆူပူစရာမလိုဘူး။ဦးလေးကြီးကို လာခေါ်ဖို့ ဖုန်းဆက်လိုက်လို့... အစ်ကိုဖြိုးသူ
က ခပ်စောစော ရောက်လာတာ။ဦးလေးကြီးသာ
သူများအိမ်ကနေ ပြန်ဖို့ လုပ် "

ခုံပေါ်မှာ လက်ပိုက်ပြီး ထိုင်နေတဲ့ သူမက...
ဆူပုတ်ပုတ် မျက်နှာလေးနဲ့ ကိုယ့်အား နှင်ထုတ်နေတာက အသည်းယားစရာလေး။သူမသာ စိတ်ကောက်မနေရင်၊ဖြိုးသူသာရှိမနေရင် အသည်းယားဖွယ် သူမကို တစ်ခုခုလုပ်မိလောက်သည်။

📱..........📱

ထိုအချိန်မှာပဲ သူ့အတွက် ကံကောင်းခြင်းတွေ ပေးဆောင်လာမဲ့ ယောက္ခမရဲ့ ဖုန်းဝင်လာသည်။

" ဟယ်လို အစ်မ "

" ........................ "

" အစ်မနဲ့ ကလေးတွေ ပြန်မလာဘူးပေါ့ "

"..........................."

" ဟုတ်ကဲ့။ ရပါတယ်။ချာတိတ်က ကျွန်တော့်မိန်းမပဲ သေချာပေါက် ဂရုစိုက်ပြီး၊စောင့်ရှောက်ပေးပါ့မယ် "

"............................"

" အေးအေးဆေးဆေး လည်ပတ်ပြီးမှသာ ပြန်လာကြပါ "

"...................."

" စိတ်ချနေပါ အစ်မ "

" ဘယ်သူလဲ။ တခေတ် မေမေဆက်တာလား... "

ဖုန်းချတာနဲ့ သူမက မျက်မှောင်ကြုတ်ဖြင့် လူကိုကြည့်၍ မေးတော့သည်။

" ဟုတ်တယ်။ အစ်မနဲ့ကလေးတွေရယ်၊အဘိုးရယ်၊ဒေါ်တင်တို့ရယ် ချောင်းသားကို သွားလည်ကြမလို့တဲ့။အစ်မက သူပြန်မလာခင်အထိ ချာတိတ်အနားမှာ နေပေးပြီး၊စောင့်ရှောက်ပေးပါတဲ့ "

" စောင့်ရှောက်ပေးစရာမလိုလို့ ပြန်မှာသာ ပြန်တော့ "

" ကိုယ် အစ်မကို ကတိပေးလိုက်တယ်။ကိုယ့်မိန်းမ ကို သေချာ ဂရုစိုက်ပြီး၊စောင့်ရှောက်ပါ့မယ် လို့ "

" ဘယ်သူက ဦးလေးကြီး မိန်းမလဲ "

" မင်းလေ "

" ကွာရှင်းထားတာ မေ့နေတာလား။ဦးနှောက်ပျက်နေတာလား။သွား အခုပြန် "

အိမ်တံခါးပေါက်ဆီ လက်ညိုးထိုးပြီး၊အတင်းပြန်ခိုင်းနေတဲ့ အသားညိုချောချစ်ဇနီးပေါက်စလေးရဲ့ ချစ်စဖွယ်ပုံစံလေးကို မရယ်မိအောင် ထိန်းရင်း....

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now