" အဟင်း အစ်ကိုလည်း မပြောတတ်တော့ဘူး။အိမ်ပြန်ခေါ်မှာမလား... "

" ဟုတ်တယ် အစ်ကို။ဒါနဲ့လေ အစ်ကိုက ဆက်ရဲ့... " အမျိုးသားလောင်းလားလို့ မေးမလို့ကို
နူတ်က မေးမထွက်ဖြစ်နေသည်။

" အစ်ကို က ဆက်နဲ့မကြာခင်မှာ လက်ထပ်တော့မယ့် သူပါ။အစ်ကို့နာမည်က ထွန်းလင်းယံသာ လို့ ခေါ်ပါတယ်။အစ်ကိုယံလို့ ခေါ်ရင်ရပါတယ် ညီမ "

" ဟုတ်ကဲ့။ ညီမနာမည်က ရွှေတခေတ် ပါ။ဆက်နဲ့က သူငယ်ချင်းတွေပါ။တခေတ်လို့ ခေါ်ရင်ရပါတယ် အစ်ကိုယံ "

" ဆက်သူငယ်ချင်းဆိုတော့... အစ်ကိုယံနဲ့လည်း
သူငယ်ချင်းပဲပေါ့ ဟုတ်တယ်မလား... "

" အင်း... ဟုတ်တာပေါ့။အခုတော့ သူတို့ကို အရင်ခေါ်ရမယ်ထင်တယ် အစ်ကိုယံ "

" ဟုတ်တယ် "

အဲ့နောက် တခေတ်နဲ့ အစ်ကိုယံသည် ကိုယ့်လူကို
ခေါ်ဖို့ လုပ်ရတော့သည်။

" ဆက် "

" ဦးလေးကြီး "

" ဘဲကြီး ခင်ဗျား သိလား... "

" ဘာကိုလဲ... "

တခေတ်နဲ့ အစ်ကိုယံက အမူးသမားနှစ်ယောက်ကို အိမ်ပြန်ခေါ်ဖို့... သူတို့ကို ပခုံးကနေ လှုပ်၍ ခေါ်လိုက်ကာမှ နှစ်ယောက်က ခေါင်းမထောင်၊
ခပ်မှေးမှေးပွင့်လာတဲ့ မျက်လုံးတွေနဲ့ စကားထပြောနေတာမို့... တခေတ်နဲ့ အစ်ကိုယံမှာ အမူးသမားနှစ်ယောက်ကို အသာကြည့်နေလိုက်သည်။

" သူတို့ကလေ ကျွန်တော်တို့က သိပ်ချစ်မှန်းသိလို့
အနိုင်ယူနေကြတာ အဲ့ဒါကို သိလား "

" သိတာပေါ့။အဲ့ဒါကြောင့်ပဲ ငါက ချာတိတ်မလေး သူ့အမေအိမ်ကို ဆင်းသွားတာကို လိုက်လည်းမခေါ်၊လိုက်လည်း မချော့ဘဲထားထားတာ "

" ဒါဆို ဘဲကြီးက ဆိုးတဲ့ ကောင်မလေးကို တမင်ပညာပြပေးနေတာပေါ့ "

" သိပ်ဟုတ်တာပေါ့။နောက်ထပ်လည်း ပညာပြမယ့် အစီအစဥ်တွေမှ အများကြီးကျန်သေးတယ် "

" အစ်ကိုယံ အရက်ပုလင်းနဲ့ ခေါင်းကိုရိုက်ရင်
သေနိုင်လား... "

" အင်း... သေတော့မသေနိုင်ပါဘူး။လက်စပြင်းမှ
ခေါင်းကွဲပြီး၊သွေးထွက် သတိမေ့ရုံလောက်ပေါ့။တခေတ် က ဘာလို့ မေးတာလဲ "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now