Chapter 8 : His Life (Part 1)

427 59 6
                                    


ရှန်ယု ရဲ့ဦးနှောက်ဆဲလ်များအကုန်ရပ်တန့်သွား၏။

တခြားတဖက်ရှိအသံကား သူနှင့်အလွန်ကိုမှစိမ်းသက်ကာ သူနားမလည်နိုင်သော ဘာသာစကားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရလေသည်။သူဟာ စကားလုံးတစ်လုံးချင်းစီတိုင်းကို အသေးစိတ်နားလည်သော်ငြား အားလုံးစုပေါင်းလိုက်သည့်အခါ ထွက်လာသည့် စကားလုံးများ၏အဓိပ္ပာယ်ကိုတော့ နားလည်နိုင်စွမ်းမရှိခဲ့။

အဖွဲ့အစည်းဘက်ရှိ ဝန်ထမ်းဟာ သူ၏ငြိမ်သက်နေမှုအား အာရုံခံမိသော်လည်း ရှန်ယု လာမလာကိုတော့ မသိ။သူ့တို့ ဆက်သွယ်မှုအား ရှန်ယုငြင်းဆိုခဲ့ချိန်တွင် သူတို့သည်ရှီဝမ်၏မိသားစုဝင်တစ်ယောက်ဆီသို့ ဆက်သွယ်ရန်ကြိုးပမ်းခဲ့သည်။သို့သော်လည်း သူတို့ဆီမှရှီဝမ်ဟုသောအသံကြားသည်နှင့်တစ်ပြိုင်နက် ရှီဝမ် မိသားစုဟာ ဖုန်းချပစ်ခဲ့၏။ထို့အတွက်ကြောင့် ရှန်ယုကသာလျှင် ရှီဝမ် ၏အရိုးပြာအား နောက်ဆုံးရွေးချယ်စရာဖြစ်သည့်အများပြည်သူသုဿာန်သို့ ပို့ဆောင်ခြင်းအား ရှောင်လွှဲလို့ရမည့် တစ်ဦးတည်းသောသူ ဖြစ်လာခဲ့သည်—မစ္စတာShi Wenအတွက် ထည့်‌တွေးပေးတာလည်းပါတာပေါ့...

သူတို့ဟာ ရှီဝမ်အား မသိရှိသည့်တိုင် ထိုကဲ့သို့အဆုံးသတ်မျိုးနှင့်ကြုံတွေ့ခဲ့ရသည့်အပေါ် ကရုဏာသက်ဝင်မိလေသည်။

ရှန်ယု ခက်ခက်ခဲခဲပြုံး၏။

“...ရှီဝမ် —သူကဂလင်းနဲ့bondဖြည်ဖို့အတွက် ခွဲခန်းဝင်နေတာမလား?”

သူနားကြားမှားတာပဲဖြစ်ရမယ်။

အရိုးပြာ...အဓိပ္ပာယ်မရှိလိုက်တာ။

“ခွဲခန်းအခြေနေဘယ်လိုလဲ?ကျွန်တော်လည်း မနေ့ညကတည်းက ဆက်သွယ်ဖို့လုပ်နေတာ။bondဖြည်တဲ့အော်ပရေးရှင်းက ခုထိမလုပ်ရသေးဘူးဆိုရင် အေးဆေးမှလုပ်လည်းရတယ်။ဂလင်းကိုသာ အရင်ဖယ်လိုက်”သူဟာ အလွန်ငြင်သာသောအသံမျိုးနှင့်ပြောနေခဲ့သည့်အတွက် သူ့ကုမ္ပဏီကလူများသာ ကြားခဲ့မည်ဆို ပါးစပ်အဟောင်းဖြစ်ကုန်ကြမှာပင်။

ဒီတစ်ကြိမ်အလှည့်ကျသည့် တိတ်ဆိတ်သူဟာ အဖွဲ့အစည်းကဝန်ထမ်းပင်ဖြစ်ချေတော့၏။

No One saved me Where stories live. Discover now