Chapter 9 : His Life Part (2)

518 56 4
                                    

Unicode

ရှန်ကုမ္ပဏီရဲ့ဝန်ထမ်းများသည် သူတို့ရဲ့ သူဌေးရှန်ယု ခုတလော အတွေးများနေမှန်း သတိပြုမိကြသည်။

အထူးသဖြင့် ...ကျန်းယုပျောက်သွားတဲ့နောက်မှာပေါ့။

ရံဖန်ရံခါ အစည်းအဝေးလုပ်နေဆဲအချိန်မျိုးမှာတောင် သူဟာ ကျန်းယုအရင်ကထိုင်ခဲ့သောနေရာဆီသို့ စိုက်ကြည့်နေတတ်သည်။

ခြုံငုံဆုံးဖြတ်ချက်ရသော် ရှန်ယုနှင့်သူ့ပါတနာကြားက နှစ်ပေါင်းများတွယ်ငြိနေခဲ့သည့် အရှုပ်အထွေးကြီး တခန်းရပ်ခဲ့ကြသည်ဟူသောကိစ္စအားကြားမိကြသည့်အခါ ဘောစ့်တစ်ယောက် ကျန်းယုအပေါ်တိတ်တခိုးသဘောကျနေသည့်အချက်ဟာ ငြင်းမရနိုင်သောအချက်ဖြစ်လာပြီး...သူတို့အ‌နေနဲ့အကြောင်းအရင်းအားတိတိကျကျမသိရပါသော်ငြား ပြတ်စဲရခြင်းအကြောင်းရင်းဟာ ကျန်းယုကြောင့်ဟုသာ အားလုံးထင်ကြေးပေးခဲ့ကြလေသည်။နောက်ပြီး ခုတလောဘောစ့်ရဲ့အပြုအမူတွေကိုကြည့်ခြင်းအားဖြင့် သူတို့ဘယ်လိုတွေးတွေး ထိုကိစ္စကအမှန်ဖြစ်နေပုံရလေ၏။သူတို့ဘောစ့်ဟာ ကျန်းယုကိုရှာတွေ့နိုင်ဖို့ ဘယ်လိုအခက်အခဲအတားအစီးကိုမဆို ဖြတ်ကျော်ပြီး ချက်ခြင်းလက်ငင်းလက်ထပ်ခွင့်တောင်းလောက်၏။

သို့ပေသိ တစ်နေ့မှာတော့ ရှန်ယုတစ်ယောက် သူတို့ရဲ့အတင်းအဖျင်းများအား ကြားမိသွားလေ၏။

၀န်ထမ်းလေးများ ကြောက်ကြောက်လန့်လန့်ဖြင့် ခေါင်းအားငုံ့ကာ သူ‌ဌေးဆူလာမည့်အချိန်အားစောင့်ဆိုင်းနေကြ၏- သို့သော်လည်းကြာမြင့်သောတိတ်ဆိတ်မှုကြီးအဆုံးတွင်မူ သူဌေးဖြစ်သူ၏ဖျော့တော့သောအသံကိုသာ ကြားလိုက်ရလေသည်။”နောက်တစ်ခါကျ အဓိပ္ပာယ်မရှိတာတွေမပြောနဲ့။”

နောက်ပိုင်းတွင်ဘောစ့်ဟာသူ့ကိုယ်သူထိန်းလိုက်နိုင်ပုံရပြီး သူတို့ကိုယ်တိုင်ကလည်း ဘယ်လိုအတင်းအဖျင်းမျိုးကိုမှ ထပ်မပြောရဲကြတော့။

သူဌေးနှင့် နှစ်ပေါင်းများစွာအတူရှိခဲ့သည်ဟု သတင်းထွက်ထားသော- အရှက်တကွဲအကျိုးနည်းဖြစ်ကာထွက်သွားခဲ့ရသည့် ပါတနာဖြစ်သူ-အတွက်ကတော့...ထိုလူ၏နာမည်နှင့်ပုံပန်းကိုပင် သူတို့ယခုထိတိုင်မသိခဲ့ရ။

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Sep 03, 2023 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

No One saved me Où les histoires vivent. Découvrez maintenant