Chapter 4 : That Person

302 51 3
                                    

ဒီအကြိမ်မှာတော့သူ့သူငယ်ချင်းဟာ အင်ပါယာထဲက အဖွဲ့ဝင်များသာဝင်လို့ရသည့် အထူးသီးသန့်အဆင့်မြင့်ဘားတစ်ခုကို ရွေးချယ်ထားသည်။အပတ်စဉ်တိုင်းတွင် အင်ပါယာမှနာမည်ကြီးအဆိုတော်များအား ဖိတ်ကာဖျော်ဖြေစေသည်။၎င်းတို့ဟာ ကြိုတင်ရိုက်ကူးသီဆို‌ထားသော စတိတ်စင်မျိုးမဟုတ်ဘဲ လူကိုယ်တိုင်ဖျော်ဖြေခြင်းဖြစ်ကြပြီး ပရိတ်သတ်များ၏တုံ့ပြန်သံများကိုပါ ကြားရနိုင်သည်။သို့သော် ထိုနေရာသို့လာရောက်ကြသည့်သူများမှာ မင်းမျိုးမင်းနွယ်အထက်တန်းလွှာများဖြစ်ကြသဖြင့် ထိုအဆိုတော်များအပေါ် အလွန်တမ်းတမ်းစွဲဖြစ်နေကြသူများမရှိကြ။ထိုသူတို့ဟာ လွမ်းဆွေးတမ်းတဖွယ်ရာ ခံစားချက်များအား ခံစားချင်ကြသူများသာဖြစ်သည်။

ရှန်ယုက ထိုသူငယ်ချင်းနှင့်အလွန်ရင်းနှီးနေသောဆက်ဆံရေးမျိုးရှိသည်။သူ့သူငယ်ချင်းဖြစ်သူဟာ ပွေရှုပ်သူတစ်ဦးဖြစ်သည်ကိုသိထားသဖြင့် ဒီကောင် ဒီနေ့‌ဒီနေရာကိုရွေးချယ်ထားခြင်းဟာ ဒီကအဆိုတော်တစ်ယောက်ကို ချိန်နေလို့ဖြစ်လောက်သည်။

သူ့သူငယ်ချင်းဟာ အတော်လေးသားသားနားနားပြင်ဆင်ထားသည်။ဒီလိုဂုဏ်သရေရှိနေတဲ့သူ့သူငယ်ချင်းရဲ့ အပြင်အဆင်အား စိတ်ထဲမှ တိတ်တဆိတ်ပင်ကျိန်ဆဲလိုက်ပြီး အပြင်မှာတော့မည်သည့်အမူအရာမှမပြ။အဲ့နောက် သူ့သူငယ်ချင်းက သူ့အားထောင့်ချိုး‌တစ်နေရာကိုဆွဲခေါ်သွားသည်။

“မင်းကဒီလိုမျက်နှာသေကြီးနဲ့ ဘာလုပ်မှာလဲ?”

သူတွေးနေသည့်အရာအား သူ့သူငယ်ချင်းကတစ်ချက်ကြည့်ရုံဖြင့်သိသွားပြီးနောက် သူ့ပုခုံးအားပုတ်ကာ ဒေါသထွက်ယောင်ဆောင်လေသည်။

“ဒီတစ်ကြိမ်ကမတူဘူးကွ။မင်းလည်းသူ့ကိုသိလောက်တယ်”

ရှန်ယု တွန့်နေသည့်အဝတ်စအားပြန့်အောင်ပြန်ပြင်ကာ ရိုးရိုးရှင်းရှင်းပြော၏။

“စိတ်မဝင်စားဘူး။ငါကသောက်ပဲသောက်ချင်တာ”

“အဲ့ကောင်လေး အရင်ကမင်းကိုလိုက်ဖူးတယ်။သူကအိုမီဂါ...,”

သူ့သူငယ်ချင်းဟာ နမိတ်မကောင်းသည့်အပြုံးမျိုးဖြင့်ပြုံးပြလာပြီး “မင်းဘာသာမင်း စိတ်ဝင်စားသည်ဖြစ်စေ စိတ်မဝင်စားသည်ဖြစ်စေ ငါကတော့ အရင်ကကောင်လေးနဲ့ အခုနာမည်ကြီးအဆိုတော်ဖြစ်လာတဲ့နှစ်ယောက်ကြားက ကွာခြားချက်ကိုတွေ့ချင်တယ်။အကယ်၍ ကြည့်လို့ကောင်းတယ်ဆိုရင်တော့ ငါလည်းသူ့ကိုရွေးချင်သား”

No One saved me Where stories live. Discover now