Chapter 7 : Shi Wen(Part 3)

342 48 1
                                    

အမျိုးအမည်မသိသော အကြောင်းတစ်ခုခုကြောင့် သူရှီဝမ်ကွန်ပြူတာအားပိတ်လိုက်သည်။

စိတ်ကူးပေါက်လာမိလို့လားမသိ?

သူဟာ ရုတ်တရက်ကြီးအနှီလူ ပုံမှန်ဆိုဘာများလုပ်တတ်သလဲ ဟူသည့်အရာအားသိချင်လာမိသည်။

ရှီဝမ်ရဲ့ကွန်ပြူတာဟာ ရှင်းလင်းနေပြီး ဖိုဒါလေးနှစ်ခုသုံးခုမျှသာရှိကာ မည်သည့်ဖိုဒါကိုမှ နာမည်မပေးထား။သူကြုံရာ ဖိုဒါတစ်ခုအားနှိပ်လိုက်တော့ ရှန် ကုမ္ပဏီ၏အတွင်းလူများသာရှိသင့်သည့် လျို့ဝှက်ကော်ပီဖိုင်များကို ရှာတွေ့လိုက်၏။

ရှန်ယု ၎င်းအားအကြမ်းဖျင်းဖတ်ပြီးနောက် အတော်လေးထူးဆန်းနေမှန်း တွေးမိသည်။သို့တိုင် သူခံစားမိတယ် အဲ့လူကသူ့အပေါ်တော့...ထိခိုက်အောင် လုံးဝလုံးဝလုပ်မှာမဟုတ်ဘူးလို့။

သို့သော်လည်း အဲ့လူဟာ သူ့ကုမ္ပဏီကလူ လုံးဝမဟုတ်။ဘာလို့များ သူ့ဆီမှာဒီဖိုင်တွေရှိနေရတာလဲ?အဲ့တာအပြင် သူ့လက်အောက်ရှိဝန်ထမ်းတွေထဲ ရှီဝမ်လို့ခေါ်တဲ့ လူမျိုးမရှိဘူးဆို လုံးဝကိုကျိန်းသေသည်။

သူဟာ အနီရောင်အစက်ရှိစာဖိုင်တစ်ခုအားနှိပ်လိုက်သည်။စာပါအကြောင်းအရာကား အတော်လေးကိုရင်းနှီးနေ၏။၎င်းဟာ ရှန်ကုမ္ပဏီ၏ နောက်ဆုံးပေါ်အဆောက်အအုံစီမံကိန်း နှင့် မာကတ်တင်းအဆိုပြုချက်ဖြစ်သည်။ဒါပေမဲ့ သူသေသေချာချာမှတ်မိတယ်...အဲ့အကြောင်းအရာတွေ တင်ပြခဲ့တဲ့သူကို...

သေချာပေါက်ကို အဲ့စာဖိုင်ရဲ့ လက်မှတ်ကလည်း ကျန်းယုပဲ။သူ့မှတ်ဉာဏ်တွေက မှားစရာကိုမရှိတာ။

ရှီဝမ်...ကကျန်းယုကိုသိတယ်လား?

ကျန်းယုရဲ့ရုပ်ရည်အပေါ်သူဘာမှတ်ချက်မှမရှိ။ထိုလူဟာ အမြဲတမ်း မျက်နှာဖုံးတပ်ထားသည်။သူဟာ ထိုလူရဲ့အရည်အချင်းကို လေးစားရုံသာဖြစ်ပြီး သူ့အားကြည့်တတ်သည့်အကြည့်မျိုးကြောင့် ထိုလူဟာ သူ့အပေါ်စိတ်ဝင်စားနေသည်ဟု ခပ်ရေးရေးမျှတွေးမိသည်။အဲ့တာကြောင့် ထိုသူအား သူဂရုစိုက်မိနေရုံကလွဲ မတတ်နိုင်ခဲ့။ကျန်းယုသာမရှိရင် သူအနေရခက်မှာပင်။ကျန်းယုဟာ သူ့အတွေးထဲကပါတနာမျိုးဟု တွေးထားမိသည်။

No One saved me Where stories live. Discover now