Chapter -1 (Part -2)

307 46 2
                                    

Unicode

အဲ့တာကြောင့် ငါတို့ဆယ်နှစ်တိုင်အတူတကွရှိခဲ့ကြတယ်။

အရင်နှစ်တွေတုန်းက ရှန်ယုတစ်ယောက် အယ်လ်ဖာခန္ဓာကိုယ်အပေါ် စိတ်ဝင်စားလာပြီး ငါ့ဆီမကြာခဏ ရောက်လာခဲ့တယ်။

နောက်ပိုင်းကျ သိပ်မလာတော့ပြန်ဘူး။

ငါဒီနှစ်အတောအတွင်း ကိစ္စအတော်များများသင်ယူခဲ့တယ်။အိမ်မှုရေးရာကိစ္စတွေအပြင် စီးပွားရေးလုပ်ငန်းတွေကိုပါသင်ယူခဲ့ပြီး နှစ်အတော်ကြာအောင် idအတုဖြင့် အိမ်ကနေပဲအလုပ်လုပ်ခဲ့တယ်။အင်ပါယာက လက်ရှိမှာ နည်းပညာမြင့်မားနေပြီး ငါ့ကိုယ်‌‌ရေးကိုယ်တာအချက်အလက်တွေကလည်း အစစ်ပဲ-ငါကငါ့နာမည်လေးပဲပြောင်းလဲခဲ့ရုံလေးလေ —အဲ့တော့ ငါပေးပို့ခဲ့တဲ့ အရေးကြီးအကြံပြုချက်တွေဟာ ရွေးချယ်ခံလိုက်ရတယ်ပေါ့။

နည်းနည်းလေးတော့နာကျင်နေရတုန်း။

ငါ့အယ်လ်ဖာရဲ့ပျက်ကွက်မှုတွေဟာ ငါ့အတွက်တော့ အချိန်ကြာလာလေလေ သေချင်လာစေလေလေပဲ။

သိပ်တော့အများကြီးမပြောတော့ပါဘူး။ဘာပဲဖြစ်ဖြစ်လေ အဲ့လိုအတိတ်‌အကြောင်းပြန်ပြောင်းပြောတာက သူတော်ကောင်းယောင်ဆောင်‌နေတယ်လို့ထင်ရတယ်။

ဘာပဲဖြစ်ဖြစ် ငါကလက်ရှိမှာတစ်ယောက်တည်းပဲ။

ရှန်ယု နောက်ဆုံးလာလည်ခဲ့တဲ့အချိန်က လွန်ခဲ့တဲ့နှစ်လလောက်က။

သူကပြောတယ် သိပ္ပံနဲ့နည်းပညာအဖွဲ့အစည်းရဲ့ သုတေသနကတိုးတတ်လာပြီတဲ့။အဲ့နောက်ဆုံးပေါ်နည်းပညာနဲ့အတူ ငါ့ရဲ့bondကိုဖယ်ထုတ်နိုင်ပြီး ငါအရင်ကလုပ်ခဲ့တဲ့ ဂလင်းအတုကိုလည်းဖယ်ရှားနိုင်တယ်တဲ့လေ။

သူက အိုမီဂါစစ်စစ်ရဲ့ရနံ့ကိုပဲပိုသဘောကျတယ်လို့ ငါ့ကိုပြောပြတယ်။

ငါ့ရဲ့ပျက်ယွင်းနေတဲ့မျက်နှာထားကိုတောင်မှ မမူပါဘဲ သူကအဲ့စကားကိုပြောလေရဲ့

ငါ့ရဲ့အနံ့က ဝိုင်အနံ့ဆိုရင်တောင်မှ အပေါတကာ့အပေါဆုံးဆန်တဲ့ အနံ့ တဲ့လေ။

7

သူထွက်သွားပြီးတဲ့နောက် ငါဘယ်လိုသေရမလဲဆိုတာ စတင်စဉ်းစားတော့တယ်။

No One saved me Where stories live. Discover now