Chapter 3 : Jiang Yu

300 51 4
                                    

အစည်းအဝေးပြီးသွားချိန်တွင် ရှန်းယု သူ့ရဲ့ရုပ်မြင်စခရင်အား ပိတ်လိုက်ပြီးနောက် ကုမ္ပဏီဝန်ထမ်းများ၏ပုံရိပ်များအားလုံးတစ်ခုပြီးတစ်ခုပျောက်ကွယ်သွားသည်။သူ သူ့နားထင်များအား ပင်ပန်းနွမ်းနွယ်စွာဖြင့် ပွတ်၏။

ကျန်းယု ဒီနေ့အစည်းအဝေးကိုမလာဘူး။အမှန်တိုင်းပြောရရင် သူတကယ့်ကိုအသားမကျဖြစ်နေတယ်။

ဒီနှစ်တွေမှာ ဒီအိုမီဂါလေးရဲ့ စစ်မှန်ရိုးသားကာ တစ်နေရာတည်းသာဦးတည်တတ်သော အကြည့်တွေနဲ့သူဟာ နေသားကျနေခဲ့လေပြီ။အနှီကောင်လေးရဲ့အကြည့်ဟာ သူတစ်ဦးတည်းအပေါ်တွင်သာ ကျဆင်းလေ့ရှိသည်။သူဟာ ယခုလိုစိတ်ဝင်စားခြင်းမရှိတဲ့ပုံစံမျိုးဖြင့် ရှိနေရင်တောင်မှ ထိုအိုမီဂါလေး၏ နူးညံ့ညင်သာပြီးချုပ်တည်းထားသော ခံစားချက်တွေကို ခံစားလို့ရသေး၏။

သူဟာသွေးအေးတဲ့လူတစ်ယောက်ဖြစ်သည့်အလျှောက် သူ့စွဲလမ်းမှုအလုံးစုံကို အလုပ်အပေါ်တွင်သာ ထားတတ်သည်။ငယ်စဉ်ကတည်းက သူတကာထက်သာလွန်သော ဉာဏ်ရည်ကြောင့်လည်း စေ့စပ်သေချာပြီး ပြီးပြည့်စုံသော လုပ်ဖော်ကိုင်ဖက်များကိုသာ အလေးထားသည် - ကျန်းယု သည်လည်း ထိုသူများထဲမှ တစ်ယောက်ပင်။

အလုပ်အပေါ် ပိုင်နိုင်မှုနှင့်လေးစားမှုတို့ကြောင့် သူဟာ ကျန်းယုအပေါ် တဖြည်းဖြည်းနှင့်အာရုံစိုက်လာမိသည်။

နည်းပညာပိုင်းဆိုင်ရာမြင့်မားသောခေတ်ကာလတွင် အိုမီဂါများသည်လည်း အခွင့်အရေးတန်းတူညီမျှစွာရသည်။ယနေ့ခေတ်တွင် လူသားတစ်ယောက်၏ လုပ်ငန်းဆောင်တာလုပ်ဆောင်မှုများသည် ဖယ်ရိုမုန်းများအပေါ်မူတည်ကာ ဆုံးဖြတ်သည်မျိုးမရှိကြတော့သော်ငြား အများဆုံးသက်ရောက်မှ မျက်နှာချင်းဆိုင်တွေ့ဆုံဆက်ဆံရေးနှင့် နောက်မျိုးဆက်သစ်၏ဗီဇများအပေါ်သက်ရောက်ရုံမျှသာ ရှိလေသည်။သူ့ကုမ္ပဏီသည်ကား တမူကွဲပြားနေပြီး အယ်လ်ဖာ၊ ဘီတာ အိုမီဂါ လိင်သုံးမျိုးစလုံးအပေါ် တန်းတူညီမျှစွာဆက်ဆံသည်။ထို့အတွက်ကြောင့် သူ့အား အင်ပါယာသတင်းများတွင် ဖော်ပြတတ်လေ့ရှိပြီး လူသားတို့၏တန်းတူညီမျှမှု အပေါ် လိုက်စားသောသူဌေးများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ထားသည်။

No One saved me Where stories live. Discover now