Chapter 5 : Shi Wen (Part-1)

317 49 1
                                    

ရှန်ယု ဟာညင်သာသောအသံဖြင့်ပြော၏ “...သူ့နာမည်က ရှီဝမ်”

သူ့လျှာဖျားမှထွက်လာသော ထိုအမည်နာမဟာ
နှုတ်ခမ်းနှင့်သွားကြားတွင်သာရစ်ဝဲနေပြီး အတော်လေးကိုစိမ်းသက်သက်ဖြစ်စေသည်။

သူတို့နှစ်ဦးအတူရှိနေခဲ့သည့် နှစ်ပေါင်းများစွာတွင် သူသည်ထိုလူ၏အမည်အား အတော်လေးခေါ်ခဲသည်။

ထိုလူသူ့ဆီဖုန်းဆက်လာသည့်အချိန်တိုင်း စိတ်မရှည်သည့်လေသံဖြင့်သာ ပြန်ဖြေလေ့ရှိသည်။သူထိုအိမ်သို့ပြန်သွားသည့် အချိန်တိုင်းဟာလည်း—သူ့လိင်စိတ်ဆန္ဒအား ဖြည့်ဆည်းချင်ရုံအတွက်သာ —ဘာလို့ဆို လက်ရှိအင်ပါယာဥပဒေအရ သူဟာ သူ့လက်ရှိအဖော်နှင့်သာ ဆက်ဆံနိုင်ခြင်းကြောင့်လေ။အဲ့လိုမှမဟုတ်ဘူးဆို တရားမဝင်—အဲ့တာတောင်မှ အဲ့လူရဲ့အမည်ဟာ သူနှင့်မဆိုင်ခဲ့။သူဟာ နှုတ်ဆက်စရာတောင် မလို။အိမ်တံခါးပေါက်မှဝင်ဝင်ခြင်း တအံ့တဩဖြစ်နေသည့် ထိုလူအား အိပ်ရာသို့ တိုက်ရိုက်ဆွဲခေါ်သွားသည်။

စိတ်ရှိလက်ရှိ ဆက်ဆံကြပြီးနောက် သူဟာလိုအင်ဆန္ဒပြည့်မှုတို့နှင့်အတူ အိပ်မောကြကာ နောက်တနေ့တာရဲ့အလုပ် သို့မဟုတ် ခရီးထွက်ဖို့ပြင်ဆင်နေလိမ့်မည်။သို့သော်လည်း သူထမသွားခဲ့သည့် နောက်တနေ့မနက်မျိုးတွင် ထိုလူချက်ပြုတ်ပြင်ဆင်နေသည့်မနက်စာ ရနံ့တို့နှင့်အတူ နိုးထလာပေလိမ့်မည်...သူသဘောမကျတာတော့မဟုတ်ခဲ့။

အဲ့လူဟာ သူ့အားစိတ်ကျေနပ်မှုရစေရန် အတတ်နိုင်ဆုံးကြိုးစားပေးလိမ့်မည်။ဥပမာပြရမယ်ဆို သူဟာ ရှေးကမ္ဘာမြေရဲ့ ဟင်းချက်နည်းနှင့်ပစ္စည်း ကိရိယာများအားရှာဖွေပြီး ဟင်းလျာများအား သူ့စိတ်ကြိုက်ဖြစ်စေဖို့ရာ အင်ပါယာရှိ AIများထက်ပင်ပို၍အချိန်‌ပေးပြီး ချက်ပြုတ်ပေးလိမ့်မည်— အရင်ကတော့သူဟာ ကြည့်ရုံသာကြည့်နေခဲ့ပြီး နောက်ပိုင်းကျ ထိုလူဟာ သူ့အားဆေးခပ်ပြီး သူ့နှင့်အတူချည်နှောင်ရန်ကြိုးစားခဲ့သည့်အပေါ် ပြန်ပေးဆပ်နေသည်ဟုသာ အေးစက်စက်တွေးပစ်ခဲ့သည်။ဟင်းလျာ အစားအစာများဟာ သူ့အားစိတ်ကျေနပ်မှုပေးနိုင်ခဲ့သော်ငြား သူသည်ထိုလူအပေါ် ချီးမွမ်းခြင်း ချီးကျူးခြင်းတို့မပေးအပ်ခဲ့။သူဟာ စားပြီးသောက်ပြီးသည်နှင့် အလုပ်သို့သာ ပြန်ထသွားလိမ့်မည်ဖြစ်ပြီး ထိုလူအား မည့်သည့်မျှော်လင့်ချက်မှ မပေးချင်ခဲ့။

No One saved me Where stories live. Discover now