Chapter -1 (Part 1)

453 43 2
                                    

ငါက အယ်လ်ဖာ။

နောက်ပြီးငါ့ပါတနာရောပဲ။

ကြားရတာတော့ နည်းနည်းသဘာဝမကျ ဖြစ်နေလိမ့်မယ် ဘာလို့ဆို AO အတွဲတွေက လူ့ပတ်ဝန်းကျင်ရဲ့အဓိကအတွဲတွေဖြစ်နေလို့လေ။အဲ့လိုမဟုတ်ဘူးဆိုရင်တောင် AB(Alpha x Beta) ဒါမှမဟုတ် BB(Beta x Beta) ပဲ။အယ်လ်ဖာ နှစ်ယောက်တွဲကြတယ်ဆိုတာကတော့ရှားမှရှား။အဲ့တာထက် အခု လောလောဆယ် ငါတို့နှစ်ယောက်က ဆယ်နှစ်နီးပါးလောက်အတူတူရှိနေခဲ့ကြတာ။

မိုက်တယ် ဟုတ်။

သူ့နောက်ကိုငါအရင်စလိုက်ခဲ့တယ်။ငါတို့နှစ်ယောက်ပထမဆုံးစတင်ဆုံစည်းဖြစ်ခဲ့နေရာကတော့  တော်ဝင်အထက်တန်းကျောင်းပဲ။သူက အင်ပါယာမြို့စားကြီးရဲ့အကြီးဆုံးသားဖြစ်ပြီး သူ့‌မျိုးရိုးကပါ SSSအဆင့်ရှိနတ်ဘုရားတစ်ပါးအဖြစ်သတ်မှတ်လို့ရလောက်တဲ့အထိကို အဆင်းရောအချင်းပါ အရာအားလုံးပြည့်စုံပြီးသား‌ လူသားတစ်ယောက်။တစ်ဖက်က ငါဆိုတဲ့ကောင်ကတော့ ရှိသမျှဆက်နွယ်မှုတွေ အကုန်ထုတ်လာပြရင်တောင် အင်ပါယာရဲ့အနိမ့်ဆုံးအဆင့်မှာပဲ ရှိနေတဲ့ Cအဆင့်အယ်လ်ဖာ။

ငါသူ့ကိုသိတယ် ဘာလို့ဆိုငါမှအဲ့ကျောင်းတတ်နေတုန်း ဘာဆိုဘာမှ စိတ်ဝင်စားခြင်းမရှိတာ။ပထမဆုံးငါသင်ယူခဲ့တဲ့အရာက လူအဖွဲ့အစည်းအထက်က ချစ်စဖွယ်အိုမီဂါလေးကိုလိုက်ပိုးတာလေ။ဒါပေမဲ့ ငါလိုက်ခဲ့တဲ့ အဲ့အိုမီဂါလေးတွေ ငါ့ကိုစကြိုက်လာတော့မဲ့အချိန် ငါတို့တွေနောက်တစ်ဆင့်လှမ်းကြတော့မယ်အချိန်ဆို သူတို့တွေငါ့ကိုတောင်းပန်လာကြပြီး သူတို့တွေဟာ Shang Yuကြိတ်ကြိုက်နေကြကြောင်း ဝန်ခံလာကြတယ်။

အဲ့လိုအဲ့လို အရှုံးပေါင်းများစွာရင်ဆိုင်လာရပြီးတဲ့နောက်မှာတော့ ငါအဲ့နာမည်ကြီးနေတဲ့Shang Yu ဘယ်လိုဘယ်ဝါပုံစံရှိတယ်ဆိုတာကို သိချင်လာမိတယ်။

ရလဒ်အနေနဲ့ကတော့ ငါကိုယ်တိုင် သူ့ညို့ဓာတ်စက်ကွင်းကြားထဲ ကျဆုံးသွားရတော့တယ်။

အဲ့လူငယ်လေးဟာ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး မည်းနက်‌တဲ့ဆံနွယ်တွေကိုပိုင်ဆိုင်ထားတယ်။သူ့မျက်နှာပုံပန်းကတော့ အကောင်းဆုံးသောစုတ်ချက်တွေက ရေးဆွဲထားကြသလို သူ့ပင်ကိုယ်စရိုက်ဟာလည်း တောက်ပကြည်လင်ကာ ရေပြင်ရေလှိုင်းတွေလို ရှင်းသန့်နေတယ်လေ။ငါတို့နှစ်ဦးတစ်ယောက်ကိုယ် တစ်ယောက်အကြည့်ချင်းဆုံသွားမိတဲ့တခဏမှာတော့ ငါ့တစ်ကိုယ်လုံးပူပြင်းလာလေရဲ့။တစ်ဖက်လူဟာ ငါ့နည်းတူ အယ်လ်ဖာတစ်ယောက်ဖြစ်နေမှန်းသိသာနေတာတောင်မှ အဲ့အချိန်တခဏလေးမှာ ငါဟာ ကမ္ဘာအပြင်းဆုံးအချစ်ဆေးရည်ရှုရှိုက်မိလိုက်ရသလိုကို ခံစားလိုက်ရတယ်။

No One saved me Where stories live. Discover now