Chapter 2

278 47 0
                                    

Unicode

သိပ္ပံနှင့်နည်းပညာအဖွဲ့အစည်းဆီက ဖုန်းလက်ခံရရှိချိန်တွင် ရှန်ယု ဟာ သူရုံးခန်းထဲအစည်းအဝေးထိုင်နေဆဲဖြစ်သည်။

သူဟာ အင်ပါယာရဲ့မြို့စားတစ်ယောက် တဖြစ်လဲ စီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်သည့်အတွက် မြောက်မြားစွာသောအရေးပါအရာရောက်သည့် စီးပွားရေးဆိုင်ရာအမှုကိစ္စများကိုပါ  ချုပ်ကိုင်ထားရသည်။ယနေ့ခေတ် နည်းပညာလွန်ခေတ်သစ်ကြီး၌ ကုမ္ပဏီအ‌စည်းအဝေးများကို ရုပ်မြင်ရှုထောင့်များဖြင့်သာ အစည်းအဝေးထိုင်ခဲ့ကြသည်မှာ အတော်ကြာမြင့်နေလေပြီ။အင်ပါယာသားများဟာ ကုမ္ပဏီအတွင်းသို့ တရားဝင်ဝင်ရောက်ခဲ့ကြပြီဆို ထိုသူတို့အနေဖြင့် သူတို့ကိုယ်ပိုင် ရွေးချယ်ထားသောပုံများကို အသုံးပြုနိုင်ကြပြီး အစည်းအဝေးတိုင်းတွင်လည်း မိမိအိမ်၌ပင်နေကာ ကော်ဖီပူပူလေးတစ်ခွက်အားသုံးဆောင်ရင်း အစည်းအဝေးထိုင်နိုင်ကြသည်။

“ကျန်းယု ဒီနေ့မလာဘူးလား?” ရှန်ယုက လူတစ်ယောက်လျှော့နေသည်ကို သတိထားမိသည်နှင့် မျက်မှောင်အနည်းငယ်မျှကြုံ့ရင်း အေးစက်စက်မေး၏။

လူတိုင်းလိုလို ဘေးဘီဝဲယာကြည့်ရင်း ထိုပုဂ္ဂိုလ်တကယ်မလာမှန်းသိသွားကြတော့ တံ‌တွေးသာမျိုချမိကြ၏။

ကျန်းယုဆိုတာ ကုမ္ပဏီထဲလုပ်သက်ရင့်နေသော အိုမီဂါတစ်ယောက်ဖြစ်တယ်။ထိုလူက အမြဲလိုလို မျက်နှာဖုံးတပ်တတ်သည်။အနှီသူသာ ပြုံးလိုက်မည်ဆို  သူ၏ နူးညံ့ညင်သာဖွယ်ရှိသောမျက်ဝန်းများဟာလည်းကွေးညွတ်တတ်သွားလိမ့်မည်ဖြစ်ပြီး အလွန်နှစ်လိုဖွယ်ကောင်းသောခံစားချက်မျိုးကို ပေးစွမ်းပေလိမ့်မည်။သို့သော်လည်း ထိုလူဟာ တည်ငြိမ်ကာ အစည်းအဝေးတိုင်းတွင် စိတ်ရှင်းရှင်းထားတတ်ပြီး အကြံပေးချက်များကိုလည်း ပေးတတ်သည့် အရေးပါအရာရောက်သူတစ်ဦးဖြစ်သည်။ကုမ္ပဏီအတွင်းရှိ လူတိုင်းလိုလိုဟာ ရှန်ယုသာ သူရဲ့နှစ်ပေါင်းများစွာ မရှင်းမရှင်းဖြစ်နေသည့်အဖော်နှင့် ကွဲသွားခဲ့ပါက အနှီလျို့ဝှက်ဆန်းကြယ်လှသည့် အိုမီဂါလေးကနေရာရလာနိုင်သည်ဟု ထင်ကြေးပေးတတ်ကြသေး၏။

No One saved me Where stories live. Discover now