" ဒါဆိုရင် ကိုယ်က မင်း ကို မိနစ်ထောင့်ငါးရာပြည့်တဲ့အထိ တစ်ခါတည်း ကြည့်မယ်ဆိုရင်ရောကွာ... "

" အင်း... အဲ့ဒါဆိုရင် မိနစ်ထောင့်ရာစာ ပိုက်ဆံပေးရမှာပေါ့။ပြီးတော့ တခေတ် က ငွေသားပဲယူမှာ။ဦးလေးကြီးမှာ ပိုပေးဖို့ ငွေသားရော အပြည့်ရှိရဲ့လား... "

" ကိုယ်က ကဒ်နဲ့ အသုံးများတဲ့ လူလေ။ငွေသားတော့ အပြည့်မရှိလောက်ဘူး "

" အာ့ဆို ငွေသားအပြည့်ရှိတော့မှ ကြည့်ရမယ် "

" အခုတော့ ငွေသားမရှိဘူး။ဒါပေမဲ့ ကိုယ့်မှာ ငွေသားထက် တန်ဖိုးရှိတဲ့ အရာရှိတယ်။အဲ့ဒါကို​မင်းကို ပေးမယ်ဆိုရင် ရမလား... "

" ပြောကြည့်လေ... တခေတ် သဘောကျရင် ငွေသားအစား၊အဲ့ဒါကို ပြောင်းယူပေးမယ် "

" မင်းကိုကြည့်တဲ့ အဖိုးအခကို ထောင့်ငါးရာအစား... ကိုယ့်ရင်ဘတ်ထဲက မင်းကိုပဲ ချစ်တဲ့အချစ်တွေနဲ့ ဖြစ်တည်နေတဲ့ ကိုယ့်နှလုံးသား ကို
ပေးမယ်လေ။အဲ့ဒါဆိုရင် အဆင်ပြေမလား... "

" အား... ဦးလေးကြီးက အရမ်း အရမ်းကို ပဲ...
အား... "

မျက်နှာပေါ် လက်နှစ်ဖက်အုပ်ကာ... အော်နေတဲ့ ကောင်မလေးကြောင့်... တိုက်,မှာ အသည်းကတကျိကျိဖြင့် ယားနေရသည်။

" ဘာဖြစ်လို့လဲ... ကိုယ့်ကို ပြောအုံးလေ "

မျက်နှာပေါ်က သူမလက်ကလေးနှစ်ဖက်ကို ဖယ်ရင်း မေးလိုက်တော့... ပြန်ဖြေလာတဲ့ သူမအဖြေကြောင့် ကိုယ့်နှလုံးက ခုန်နေတာ တစ်စက္ကန့်လောက် ရပ်သွားခဲ့သည်။သူမပြောတာလေးက...

" ဦးလေးကြီး က တခေတ်နှလုံးသားကို အရည်ပျော်ကျအောင် ခြွေတော့... လူက အရည်ပျော်ပြီး ကြွေတာပေါ့။တခေတ် ဦးလေးကြီးက်ို အခု
အရမ်း အရမ်းတွေကြွေနေလို့... မျက်စိအောက်ကနေတောင် အပျောက်မခံချင်တော့ဘူး။အရမ်းချစ်တယ်သိလား... " တဲ့

မနက်ခင်းအိပ်ရာနိုးစမှာ ကြားရတဲ့ ချစ်စကားက
ကိုယ်စိတ်နှလုံးကို ကြည်ရွှင်ပြုံးစေပြီး၊တစ်ယော က်တည်း အိပ်ရာနိုးထရတဲ့ မနက်ခင်းထက်၊ဘေးမှာ အတူအိပ်တဲ့ ချစ်ရသူနဲ့ နိုးထရတဲ့ မနက်ခင်းလေးက တကယ်ကို ချိုမြိန်လွန်းပါ၏။

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now