" ကိုယ် မကူလို့ဖြစ်ရတာ သေချာရဲ့လား...  "

" နှစ်ယောက်စားတဲ့ ပန်းကန်နှစ်ချပ်နဲ့ ဟင်းပန်းကန်လေး သုံးလေးပန်းကန် ဆေးတာက လူနှစ်ယောက်မလိုပါဘူး။ကလေးငယ်ငယ်လေးတောင်မှ ပန်းကန်လေးငါးပန်းကန်ကို သေချာဆေးနိုင်ပါတယ်။တခေတ် လို အရွယ်ရောက်နေတဲ့ သူဆိုရင် ပိုလို့တောင် ဆေးနိုင်ပါတယ် "

" ဒါဆို မင်း ဆေးပါ။ကိုယ် မကူတော့ဘူး "

" အင်း... "

ဦးလေးကြီး က ဝိုင်တစ်ခွက် ထည့်သွားပြီး၊ထမင်းစားခန်းထဲကနေ ထွက်သွားသည်။တခေတ်လည်း စားသောက်ပြီးသား ပန်းကန်တွေကို
ဘေစင်ပေါ်ကို အရင် ရွေ့တင်လိုက်သည်။ပြီးတာနဲ့ ထမင်းစားပွဲကို သန့်ရှင်းရေး လုပ်လိုက်သည်။အဲ့နောက် ဘေစင်ဆီပြန်သွားပြီး ပန်းကန်ဆေးတာကို စတင်လိုက်သည်။

" ဦး  ဦးလေးကြီး "

ပန်းကန်ဆေးနေတဲ့ တခေတ်ရဲ့ခါးကို နောက်ကနေသိမ်းဖက်လာတဲ့ ဦးလေးကြီး။တခေတ်မှာ ရုတ်တရက်ဆိုတော့ လန့်သွားတာမို့... စကားတွေပင် ထစ်ကုန်သည်။

" ခွမ်း... "

ရုတ်တရက်ကြီး တခေတ်၏ လည်ဂုတ်သားလေးကို ဖွဖွလေးဖြင့် တရှိုက်မတ်မတ်နဲ့ နမ်းရှိုက်နေပြန်တဲ့ ဦးလေးကြီး။တခေတ်မှာ မထင်မှတ်ထားတဲ့ ဦးလေးကြီး၏ အပြုအမူကြောင့် လက်ထဲက
ကြွေပန်းကန်ပြားပင် အောက်ကို လွတ်ကျသွားရသည်။

အဲ့ဒါလည်း ဦးလေးကြီး က နမ်းနေတာကို ရပ်မသွားတာဘဲ... ဖက်ထားတဲ့ လက်ကိုပိုတိုးဖက်လာတာမို့...

" ဦး ဦးလေးကြီး ပန်းကန်ကျကွဲသွားတယ် "

" အင်း... ကိုယ်သိတယ် "

ဟု လှိုက်မောနေတဲ့ အသံနဲ့ပြန်ဖြေလာတဲ့ ဦးလေးကြီး။

" တခေတ် ပန်းကန်ဆေးနေတာ မပြီးသေးဘူး လေ... "

" အဲ့တော့... "

​ဟု ဆိုကာ... လည်ဂုတ်ကနေ လည်တိုင်ဆီ
ရွှေ့ပြောင်း၍ အနမ်းတို့ဖြင့် ကျူးကျော်နယ်ချဲ့လာတဲ့ ဦးလေးကြီး။

ချစ်သူပင်မထားဖူးတဲ့ တခေတ်မှာ အရိုင်းလေးဖြစ်တာမို့... ဦးလေးကြီး၏ အနမ်းတွေကို ရင်ကို
တုန်ယင်လှိုက်မောစေသည်။

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now