အပိုင်း - ၈

Start from the beginning
                                    

"ကိုယ် ဘာပြောထားလဲ?..ကိုယ့်စကားကို အရေးမလုပ်တာလား?"

စကားဆုံးသည်နှင့် ပါးနှစ်ဖက်ကို ညှစ်ထားသည့်လက်က ပိုမိုအားများလာကာ အခန်းထဲတွင်လည်း leatherနံ့ ခပ်ပြင်းပြင်းက သိပ်သည်းစွာ ထွက်ပေါ်လာတော့သည်။အရှေ့ရှိလူက နှာခေါင်းဝသို့ ရောက်ရှိလာသည့် ထိုအနံ့ကြောင့် မသိမသာလေး နှာခေါင်းရှုံ့လိုက်ပြီး သူ၏ကိုယ်ပိုင်အနံ့ဖြစ်သော Oudသစ်မွှေးနံ့ကို အပြိုင်ထုတ်လွှတ်လိုက်လေသည်။

ထိုအခါ ပါးကိုညှစ်ထားသည့် အနောက်ရှိလူ၏လက်များက အနည်းငယ် အားလျော့သွားပြီး နဂိုက ဒေါသအနည်းငယ်ကြောင့် အရောင်တောက်နေသည့် မျက်ဝန်းများမှာ ချစ်စိတ်ဖြင့် ပြောင်းလဲတောက်ပသွားတော့သည်။

"ကိုကို..ကျွန်တော် မှားသွားပါတယ်..ကိုကို့စကားကို အရေးမလုပ်တာမဟုတ်ပါဘူး"လို့ အရှေ့ကလူက သူ၏မျက်လုံးစိမ်းများဖြင့် ညို့ငင်ကာ ပြောလာတော့ ထိုလူ၏ခပ်တင်းတင်း စေ့ထားသော နှုတ်ခမ်းပါးက ပြုံးယောင်သန်းသွား၏။

ထိုလူက ပါးကို ဖျစ်ညှစ်ထားသည့်လက်ကို လွှတ်လိုက်ပြီး မျက်လုံးစိမ်းနှင့်လူကို ခါးမှမြှောက်ချီလိုက်ကာ အခန်းထဲရှိ ဆိုဖာပေါ်သို့ ချီလျက်နှင့်ထိုင်ချလိုက်သည်။ထိုအခါ ခါးကို အဖက်ခံထားရသည့်လူက ထိုလူ၏ပေါင်ပေါ်၌ ထိုင်နေသလိုဖြစ်သွားတော့၏။ပေါင်ပေါ်ရှိလူက သူ၏ခါးကိုဖက်ထားသူနှင့် အကြည့်ချင်းမပြတ်စေရဘဲ လက်ထဲရှိ ရှန်ပိန်ခွက်ကို နောက်ကျောဘက်ရှိစားပွဲပေါ်သို့ လက်နောက်ပြန်ချလိုက်သည်။ထို့နောက် ထိုလူ၏လည်ပင်းကို အပြုံးတစ်ခုဖြင့် သိုင်းဖက်လိုက်ပြီး ပြုံးချင်နေသည့်နှုတ်ခမ်းဆီသို့ တစ်ချက်ဖိကာ အနမ်းပေးလေသည်။

"အဆိုးလေး..အပြစ်ပေးခံချင်နေပုံပဲ"

အနမ်းခံလိုက်ရသူက အချစ်များပြည့်နေသည့် သူ၏မျက်ဝန်းနက်နက်တို့ဖြင့် ပေါင်ပေါ်ရှိကောင်လေးကို မော့ကြည့်လာပြီး ညာဘက်လက်ဖြင့် ထိုကောင်လေး၏ပါးကို အုပ်ကိုင်လာကာ သူနှင့်မျက်နှာချင်း နီးကပ်စေရန် ညင်သာစွာ အောက်ကိုဆွဲချလိုက်သည်။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now