ဘာကြောင့် တခေတ်ကို မျက်လုံးစိမ်းကြီးတွေနဲ့
ကြည့်ရလောက်တဲ့အထိ တခေတ် ဘယ်လိုအမှားတွေကို လုပ်မိပါလိမ့်ဆိုတာကို အခုထိ စဥ်းစားလို့ကိုမရ ဖြစ်နေရ၏။

" တီ... တီ... တီ... "

" ဟင်... ဦးလေးကြီး "

တခေတ် ခြံရှေ့က ကားတီးသံကြောင့်...
ထိုင်နေတဲ့ ဒန်းလေးပေါ်ကနေ ခြံတံခါးဆီကို အပြေးသွားမိသည်။ခြံရှေ့က ကားက ဦးလေးကြီး ကားဆိုတာ သေချာမြင်ရတာနဲ့... တခေတ်နူတ်ခမ်းလေးတွေ ကွေးညွတ်သွား၏။

လက်တွေကလည်း သွက်လက်၊မြန်စွာနဲ့ ခြံတံခါးကို ဖွင့်ပေးလိုက်သည်။

တခေတ် ခြံတံခါးဖွင့်လိုက်တာနဲ့ ဦးလေးကြီး က
ကားကို ခြံထဲကို တန်းပြီး မောင််းဝင်သည်။တခေတ်ကတော့ ခြံတံခါးကို ပြန်ပိတ်ပြီး သော့ပါခတ်ရသည်။

" ဒုန်း ဦးလေးကြီး... "

တခေတ် ခေါ်တာကို မကြားဟန်ပြု၍ အိမ်ထဲကို တန်းဝင်သွားတဲ့ ဦးလေးကြီး။

တခေတ်လည်း ဦးလေးကြီး နောက်ကနေ အိမ်ထဲကို လိုက်ဝင်ခဲ့သည်။

" ဦးလေးကြီး ထမင်းစားပြီးလာ... "

" ဟင်း... "

အိမ်ထဲရောက်တော့လည်း တခေတ်စကားကို နည်းနည်းလေးတောင် နားထောင်မပေးဘဲ... အပေါ်ကို တန်းတက်သွားတဲ့ ဦးလေးကြီးကြောင့်
သက်ပြင်းကိုသာ ချမိ၏။

ဗိုက်ကဆာနေတာပေမယ့်... ဘာဖြစ်လို့ ဖြစ်နေမှန်း မသိတဲ့ ဦးလေးကြီးကြောင့် စားချင်စိတ်က
မရှိတော့သည်။

တခေတ် အောက်မှာလည်း မနေချင်တာကြောင့်
အပေါ်က အခန်းကိုသာ တက်လာခဲ့လိုက်သည်။
အပေါ်ရောက်တော့ ဦးလေးကြီး က တခေတ် ကို စကားမပြောချင်တာ သိပေမယ့်... တစ်ယောက် တည်းမနေချင်တာကြောင့် အတူနေတဲ့ အိပ်ခန်းဆီကိုသာ ခြေဦးတည်လိုက်သည်။

" ချပ်! "

တခေတ် အခန်းထဲဝင်လာတော့ ဦးလေးကြီး က
ရေချိုးဖို့ လုပ်နေသည်။တခေတ် ကုတင်ပေါ်ခြေရင်းဘက်မှာ ထိုင်သည်အထိ ဦးလေးကြီး စကားတစ်ခွန်းမှ မပြော။အင်္ကျီချွတ်ပြီး ရေချိုးခန်းထဲကို တန်းဝင်သွားတာက... အခန်းထဲမှာ
တခေတ် ရှိမနေသည်အလား။

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now