ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 22

Start from the beginning
                                    

" ဟင့်အင်း တခေတ် မသိဘူး ဦးလေးကြီး "

ကဲ... မှတ်ပြီလား။အဲ့ဒါ ကားနားအထိ လိုက်ပို့ခိုင်းစေချင်အုံး နေတိမ်တိုက်။

တိုက်,သည် ကျန်တဲ့နေရာမှာ လည်သလောက်...
ဒီလိုနေရာမှာ လာပြီးတော့ တုံးအနေတဲ့ ချာတိတ်မလေးကြောင့် ကိုယ့်နဖူးသာ ကိုယ်ပြန်ရိုက်ပစ်ချင်မိတော့သည်။

" ချာတိတ် မင်းနဲ့ ကိုယ်က ဘာလဲ "

" လက်မထပ်ဘဲ အတူနေ နေတဲ့ လူနှစ်ယောက် "

ကောင်းရော၊အဖြေက သူမ ဖြေတော့မှပဲ ရှင်းသွားလေရော။

" မင်္ဂလာပွဲ မလုပ်ရသေးပေမယ့်... ကိုယ်တို့က
လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးကြတယ် မဟုတ်ဘူးလား "

" အင်း ဟုတ်တယ် "

" အဲ့ဒါဆို မင်းနဲ့ ကိုယ်က လင်မယားတွေ ဖြစ်နေပြီလေ "

" ဟုတ်တော့ ဟုတ်ပေမယ့်... မင်္ဂလာက မဆောင်ရသေးတော့... တခေတ်က လင်မယားမဖြစ်သေးဘူးလို့ သတ်မှတ်ထားတယ် ဦးလေးကြီး "

အင်း... နေတိမ်တိုက်ရေ... မင်းတော့လား ရိုမရအောင် ဒုံးဝေးလွန်းတဲ့ မယားလက်သစ်လေးကြောင့် ဒီနေ့တော့ အလုပ်ကို သွားနိုင်တော့မှာပဲ။
ငါတော့ မြင်ယောင်နေတယ်။ဒီအခန်းထဲမှာတင်
တစ်နေကုန်ဖို့ ကို။

တိုက်, ဒုံးဝေးလွန်းတဲ့ ချာတိတ်မလေး ကို တည့်တည့်ပဲ ပြောရတော့သည်။

" ကိုယ့်ကို ကားအနားအထိ လိုက်ပို့ပေး "

" ဘာလို့ တခေတ် က ဦးလေးကြီး ကို လိုက်ပို့ရမှာလဲ "

" ကျစ် မင်း လိုက်မပို့ဘူးလား ရွှေတခေတ် "

ဦးလေးကြီး ဒီနေ့မှ ဘာဖြစ်နေတာလဲ။

စိတ်ဆိုးသံနဲ့ ပြောနေတဲ့ ဦးလေးကြီး ကို တခေတ်
တကယ် နားမလည်ဖြစ်ရသည်။

" အင်း လိုက်မပို့ဘူး "

တခေတ်ရဲ့ အဖြေစကားနောက်မှာတော့...

" ပြီးတာပဲ ဒုန်း "

" ဦးလေးကြီး ဘာဖြစ်သွားတာလဲ။ငါ့ကို အခု စိတ်တိုသွားတာလား။စိတ်တိုရအောင် ငါက ဘာလုပ်လို့...! အား... ငါတော့လေ သေသာ သေလိုက်ဖို့ ကောင်းတော့တယ် "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now