EXTRA

30.7K 2K 105
                                    

ပင်ကိုယ်ဉာဏ်ကောင်းသည့်အပြင် သူအလိုရှိသည့် ဘယ်အရာကိုမဆို စိတ်နှစ်ကာကြိုးစားတတ်သည့်
ဘုန်းလျှံကွန်းခသည် ယခုသူများထက် တစ်နှစ်စောကာ
ဝင်ဖြေလိုက်သည့်ဘွဲ့လွန်စာမေးပွဲကိုလည်း
အောင်မြင်ခဲ့သည်။

"ဒါဆို နောက်တစ်ဘွဲ့ထပ်ယူရတော့မှာပေါ့"

"ဟုတ်တာပေါ့"

"ဘွဲ့ယူရင် ဘယ်လိုဒီဇိုင်းလေးဝတ်ချင်လဲ။
ငါပဲ အကုန်ဆင်ပေးမှာနော်"

ယံသွန်းညိုရဲ့အပြောကြောင့် ဘုန်းလျှံကွန်းခ
ခပ်ဖွဖွရယ်လိုက်သည်။

"ဆင်ရမှာပေါ့ဗျာ။
ကျွန်တော်ကမင်းရဲ့ ခင်ပွန်းပဲကို"

ယံသွန်းညိုက နှာခေါင်းလေးသာရှုံ့ပြပြီး အရှေ့က
စားပွဲတွင်ချထားသော ပန်းကန်ထဲမှ အသီးတစ်စိပ်ကိုသာ
ခက်ရင်းလေးနဲ့ ထိုးစားလိုက်သည်။

"မေမေတို့ ပြန်မလာသေးဘူးလား မသိဘူး"

TV က ဇာတ်ကားကို ကြည့်ရင်းနဲ့ ယံသွန်းညိုက
တိုးတိုးလေး ရေရွတ်လိုက်သည်။

ဒေါ်မြတ်ပန်းချီနဲ့ ဘုန်းဇေကောင်းဟန်က
ညနေကတည်းက မြတ်နေခြည်ငြိမ်းတို့ရဲ့အိမ်ကို
အေးအေးဆေးဆေး အလည်သွားရင်း
ညစာအတူစားကြမည်ဟုဆိုကာ
ထွက်သွားခြင်းဖြစ်သည်။

ဘုန်းဇေကောင်းဟန်နဲ့မြတ်နေခြည်ငြိမ်းတို့နှစ်ဦး၏
ဆက်ဆံရေးကို နှစ်ဖက်မိဘကလည်း သိပြီး
လိုလိုလားလား ရှိကြသည်။ ထို့ကြောင့် ချစ်သူရည်းစား
အဖြစ်သာတွဲနေကြဆဲဆိုပေမဲ့ နှစ်အိမ့်တစ်အိမ်လိုပင်
ဖြစ်နေကြ၏။နှစ်ဦးသားလက်ထပ်ဖို့ ကိစ္စကိုတော့
မြတ်နေခြည်ငြိမ်း ဘွဲ့လွန်စာမေးပွဲဝင်ဖြေပြီးမှသာ
စီစဉ်ကြမည်ဖြစ်၏။

"ကျွန်တော်ရှိနေတာပဲကို မေမေတို့ လိုသေးလို့လား.."

ယံသွန်းညိုရဲ့ ခါးသွယ်လျလျလေးကို တိုးဖက်ကာ ၊
ယံသွန်းညိုရဲ့ နားရွက်ဖျားလေးအနီးသို့ တိုးကပ်ရင်း
ပြောလိုက်သည့် ကွန်းခရဲ့ နားဝင်ချိုပါသည့် ဩရှရှအသံ။

ယံသွန်းညိုရဲ့ ပါးပြင်လေးများ နီစွေးသွားခဲ့ပြီးမှ
ကွန်းခကို မပီမပြင်မျက်စောင်းဖွဖွလေးထိုးလိုက်၏။

Beyond All Measures  (COMPLETED)Where stories live. Discover now