အပိုင်း(၂၆)

33.8K 2.2K 105
                                    


မန္တလေးပြည်သူ့ဆေးရုံကြီး၏ စီတန်းချထားသည့်
ခုတင်တွေရဲ့ အလယ်တွင် နားကြပ်(stethoscope) ကို
လည်ပင်းတွင် တစ်ဖက်တစ်ချက်ချ ချိတ်လျက်
လူနာတွေကို အခြေအနေ မေးမြန်း၊စမ်းသပ်ပေးရင်း
အလုပ်ရှုပ်နေသည့် ဆရာဝန်လေး တစ်ယောက်ရှိသည်။

BP ချိန်ပေးတာကစလို့ ဆေးထိုးပေးတာ အထိ
သွက်သွက်လက်လက် ကျွမ်းကျွမ်းကျင်ကျင်ပင်
လုပ်ပေးသွားသည့်အပြင် လူနာများအား
သတင်းမေးသည့် လေသံ ချိုအေးအေး သည်လည်း
ရောဂါတစ်ဝက် လောက်အား
ယူပစ်လိုက်သည့်နှယ်ရှိတာကြောင့် ထိုဆရာဝန်လေး
ရှိသည့် ward ထဲမှ လူနာများကလည်း ထိုဆရာဝန်လေးအား သံယောဇဉ်တွယ်နေသည့်နှယ် ရှိနေကြတော့သည်။

ဆရာဝန်လေး စားဖို့၊ ဆရာဝန်လေး အတွက် ဆိုကာ
သူတို့တွင်ရှိသည့် မုန့်ပဲသရေစာလေးများ
လာပေးထားတတ်ကြသည့်အပြင် Duty off သည့်
နေ့များတွင်ပင် သတိတရမေးနေတတ်ကြ၏။

တချို့လူနာများကလည်း..

"အဲ့ဒီဆရာဝန်လေးက လေ မျက်နှာလေးကို
ကြည့်ရတာနဲ့တင် ရောဂါတစ်ဝက်သက်သာတာပါ
ဆရာမရယ်။ ကျွန်မတို့လို ခပ်နွမ်းနွမ်းလူတွေကို
ပြောဆို ဆက်ဆံပုံကအစ နွေးထွေးပြီး
တလေးတစားရှိလွန်းလို့ တစ်ခါတလေ
အားတောင်နာရပါတယ်ရှင်"

တချို့ ငွေရှိကြေးရှိ သမီးရှင်မိန်းမကြီးများကလည်း
သူတို့၏ Nurse များကို စပ်စုကြသည်။

" အဲ့ဒီ house surgeon
doctor လေး က ရည်ရွယ်ထားတဲ့သူများ ရှိနေပြီလား
မသိဘူးနော် ဆရာမ။ ဒီလို ရည်ရည်မွန်မွန်ရှိတဲ့
ပညာတတ်ဆရာဝန်လေးလိုမျိုးနဲ့ပဲ ကျွန်မသမီးကို အကြောင်းပါစေချင်လိုက်တာ"

ထိုအခါ အကြောင်းသိ ဆရာမတွေကပင်
ရယ်ရယ်မောမောဖြင့်

"ဒေါက်တာဘုန်းလျှံကွန်းခ မှာက
သူဆေးကျောင်းတက်ကတည်းက တွဲခဲ့တဲ့
ချစ်သူရှိတယ် အန်တီရဲ့။
ဒေါက်တာ့ကိုလည်း တော်တော်ဂရုစိုက်တယ်။
တခါတလေ ကျွန်မတို့အတွက်တောင် သူ့ချစ်သူက
စားဖို့သောက်ဖို့ ထည့်ပေးတတ်တာ"

"ဒါဆိုရင် ဆရာ့ချစ်သူလေးကတော့
အရမ်းကိုကံကောင်းတာပဲ။ အခုခေတ်မှာက
ဒီလို လူတော်လူကောင်းလေးတွေက
မရှိသလောက်ရှားနေပြီ။
အိမ်က သမီးတွေကိုလည်း ဘယ်လိုလူနဲ့များ
တွေ့လာမလဲဆိုတာ စိတ်ပူနေရတော့တာ..ဆရာမရေ"

Beyond All Measures  (COMPLETED)Kde žijí příběhy. Začni objevovat