အပိုင်း(၈)

25.4K 2.3K 106
                                    

ဒီနေ့က သီတင်းကျွတ် လပြည့်နေ့ဖြစ်သည်။

ဒီနေ့ မနက်ကတည်းကပင် ဘုန်းလျှံကွန်းခတို့တစ်အိမ်လုံး
ယံသွန်းညိုတို့ရဲ့ အိမ်သို့ အလည်ရောက်နေခဲ့ကြ၏။

သားနှစ်ယောက်မှလွဲ ၊
မိဘဆွေမျိုး မရှိတော့သော ဒေါ်မြတ်ပန်းချီက
သူငယ်ချင်း၏ အမေဖြစ်သူ ဒေါ်ခင်ခင်ကြီးကိုပဲ သူမ၏
အမေတစ်ယောက်လို သဘောထားမှတ်ယူ၍
ချစ်ခင်စောင့်ရှောက် တတ်သူဖြစ်ရာ ဒီနေ့တွင်လည်း
ဒေါ်ခင်ခင်ကြီးအား ကန်တော့ရန်အတွက် လာခဲ့ခြင်း
ဖြစ်သည်။

ယံသွန်းညိုရဲ့အဘွားဖြစ်သူ
ဒေါ်ခင်ခင်ကြီးကလည်း မနက်ကတည်းက ပင် အိမ်မှာ
လူစုံနေ၍ အကုန်လုံးကြိုက်ကြသည့်
ကြာဇံဟင်းကို ကိုယ်တိုင် ချက်ကျွေးဖို့လုပ်ပြီး
ပြုံးပျော်နေလေရဲ့။

လူကြီးတွေ မီးဖိုချောင်ထဲတွင် ရှိနေချိန် 
ယံသွန်းညို
တို့သုံးယောက်ကတော့ ဘွား ကျွေးထားသည့် မုန့်ပန်းကန်
တွေရှေ့ချရင်း အေးအေးဆေးဆေး
TV ကြည့် နေကြလေသည်။

TV ကြည့်သည် ဆိုသော်လည်း
ဇာတ်လမ်းတစ်ခု
လာနေသော TV ကို ဖွင့်ရုံသာ ဖွင့်ထားပြီး
လမ်းထိပ်မှ သွားငှါးထားသော
စာအုပ်ကိုယ်စီဖြင့် ငြိမ်နေကြခြင်းဖြစ်သည်။

"ယံသွန်းညို....
ကျွန်တော်ရော အဲ့ဒီစာအုပ်ဖတ်လို့မရဘူးလား.."

ညီဖြစ်သူ၏ အသံကြောင့်
ဘုန်းဇေကောင်းဟန်က
ဖတ်နေသော ဝတ္ထုစာအုပ်မှ အကြည့်လွှဲကာ
သူတို့နှစ်ယောက်၏ အလယ်တွင် ထိုင်နေသော
ယံသွန်းညို၏ တစ်ဖက်ဘေးမှ ကွန်းခရှိရာသို့
လှည့်ကြည့်လိုက်လေသည်။

"မရဘူး..ဒါ အချစ်ဝတ္ထု မင်းက
ကလေးပဲရှိသေးတယ် အဲ့ဘိုဘိုပဲ ဖတ်"

"ကျွန်တော်...ဒါဖတ်လို့ပြီးပြီ"

" အစကပြန်ဖတ်"

ယံသွန်းညိုက သူဖတ်နေတဲ့ အချစ်ဝတ္ထု
စာအုပ်မှ မျက်နှာမလွှဲ ..ဖြေသည်။

ကွန်းခ၏ မျက်မှောင်လေးတွေက
မသိမသာ တွန့်ကုပ်ကုပ်..။ သို့သော် အထွန့်မတက်ရှာဘဲ
သူ့လက်ထဲက ကာတွန်းစာအုပ်လေးကိုသာ အစကနေ
ပြန်လှန်လိုက်သည်ကို ကြည့်၍ ကောင်းဟန် ခပ်တိုးတိုး
ရယ်လိုက်မိရဲ့။ 

Beyond All Measures  (COMPLETED)Where stories live. Discover now