အပိုင်း(၂၅)

36.5K 2.4K 202
                                    


"ဒါဆို မင်းဒီမှာအိပ်မှာမလား"

"ဟုတ်ကဲ့။ အိပ်လို့ရတယ်မလား"

"အိပ်လို့မရဘူးပြောရင် မအိပ်မှာကျနေတာပဲ"

ရင်ခွင်ထဲတွင်မှီနေရင်းမှ
နှုတ်ခမ်းလေးကို မသိမသာမဲ့၍ ယံသွန်းညိုပြောသည့်အခါ ကွန်းခ က တစ်ချက်ရယ်သည်။

ဂျင်းဘောင်းဘီအနက်ရောင်နဲ့
အပြာရောင်ကော်လာရှပ်လက်ရှည်ကို
ဝတ်ထားသည့် ကွန်းခကို ယံသွန်းညို ကြည့်လိုက်ပြီး

"မင်းအင်္ကျီလဲလိုက်ဦး ။ အိပ်ရတာ မလွတ်လပ်ဘဲ
ဖြစ်နေဦးမယ်"

"ကိုဇွဲဆီကသွားယူလိုက်မယ်လေ။
သူအိမ်ပြန်ရောက်နေပြီလား"

"မယူနဲ့။ မင်းအတွက် ငါဆိုင်ကနေ
ယူပေးထားတာရှိတယ်"

ပြောပြောဆိုဆိုနဲ့ ယံသွန်းညိုက ကွန်းခရဲ့ ရင်ခွင်ထဲကနေ
ထွက်သွားပြီး အခန်းထောင့်တွင် ရှိသည့်
သူ့ဗီရိုကို သွားဖွင့်သည်။

ထို့နောက် Nike တံဆိပ်
အဖြူစွတ်စွတ် တီရှပ်ပွပွလေး တစ်ထည်နဲ့ ၊
Sport pant အနက်ရောင်
တစ်ထည်အား ထုတ်လာပြီး ကွန်းခကို သွားပေးလိုက်၏။

"မင်းငါ့အိမ်လာအိပ်ဖြစ်ရင်
ဝတ်ရအောင်ဆိုပြီး ဟိုနေ့ကမှ အိမ်ကိုယူလာတာ"

ကွန်းခ က 'အဟင်း' ခနဲ တစ်ချက် ရယ်လိုက်သည်။
ထိုအခါ ယံသွန်းညိုက မျက်မှောင်လေးကြုတ်လိုက်ပြီး

"ဘာရယ်တာလဲ"

"ဪ ချစ်သူလေးက တစ်ဆိုင်လုံး ပိုင်နေတော့
Branded တွေကိုတောင် ညအိပ်ဝတ်ရတော့မယ်
ဆိုတာကို တွေးမိလို့ပါဗျာ"

"အွန်း ငါက boss လေ"

မျက်နှာလေးကို မော်၍ ပြုံးစိစိရုပ်လေးဖြင့်
ယံသွန်းညို ပြောသည့်အခါ ကွန်းခမှာ
အူယားသွားရတာကြောင့် ယံသွန်းညိုရဲ့ ပါးလေးကို
ဖွဖွလေး ဆွဲလိုက်မိတော့သည်။

"ခုနက ငါမင်းကို ရိုက်လိုက်မိတာ နာသွားသေးလား"

"မနာပါဘူးဗျာ"

Beyond All Measures  (COMPLETED)Where stories live. Discover now