အပိုင်း(၂၇)

28.3K 2.1K 62
                                    


"အင်း။ ကျွန်တော်လာအိပ်ပေးမယ်။
အခုဆေးရုံကထွက်လာတော့မှာ။ မင်းဘာစားဦးမလဲ ။
ဘာဝယ်ခဲ့ရမလဲ"

"..."

"ဒါပဲလား။ တခြားရော.."

"..."

"ဟုတ်ပါပြီဗျာ ။ ဒါဆို ကျွန်တော်ဖုန်းချပြီနော်"

"..."

"အဟင်း..။ အာဘွား အာဘွား ။
ကျွန်တော်လည်း မင်းကို အရမ်းချစ်တယ်"

ပြုံးရယ်လျက် ဖုန်းပြောနေသည့် ဘုန်းလျှံကွန်းခကို
မင်းကျော်ထွဋ် ကြည့်ရင်း မျက်နှာကို ရှုံ့မဲ့လိုက်သည်။
သူလည်း ဒီလို ရည်းစားလေးတစ်ယောက်
အတည်တကျထားချင်ပြီ။ ဆေးရုံမှာ ပင်ပန်းခဲ့ရသမျှ
ကို ရည်းစားလေးနားတွင် အတိုးချအနားယူချင်ပြီ။

"အားကျပါတယ်ကွာ။ သူများတွေများ ဆေးရုံကပြန်တာနဲ့
ချစ်စရာကောင်းတဲ့ရည်းစားလေးနဲ့ ကြည်နူးရတော့မယ်"

မင်းကျော်ထွဋ် ပြောသည့်အခါ ကွန်းခက ရယ်ပြီး

"အားကျရင် ထားပေါ့ကွာ"

"ထားမှာပါကွာ။ အခုတော့ဆေးရုံနဲ့အိမ်ပဲ
သွားနေရလို့ ရမှာမဟုတ်သေးဘူး။
ဘွဲ့ရပြီးရင် ထားဦးမယ်"

"ဟုတ်ပါပြီကွာ ။ ငါသွားပြီနော်"

"အေးအေး"

ဒီနေ့ကွန်းခ က night duty မဟုတ်တာကြောင့်
ကျော်ထွဋ်ကို နှုတ်ဆက်ပြီးထွက်ခဲ့လိုက်တော့သည်။

မပြန်ခင် စုစုလွင်တို့သားအမိကို အဝေးက
လှမ်းကြည့်လိုက်ရာ ပြုံးပြုံးရွှင်ရွှင် ရှိနေတာကြောင့်
သူပါထပ်တူ ပြုံးလိုက်မိလေသည်။

"ဘုန်းလျှံကွန်းခ Duty ပြီးလို့ ပြန်တော့မလို့လား"

Ward ထဲကအထွက် နှုတ်ဆက်သံကြောင့်
ကြည့်လိုက်သည့်အခါ surgery ward တုန်းက
ခင်ခဲ့သည့် AS အစ်မ တစ်ယောက်ဖြစ်နေသည်။

ကွန်းခ ပြန်လည်ပြုံးပြလိုက်ပြီး..

"ဟုတ်တယ် အစ်မ။
အစ်မရော ဒီကို ဘာကိစ္စရှိလို့လဲ"

"ဒီက လူနာတစ်ယောက်နဲ့ တွေ့စရာလေးရှိလို့ပါဟယ်။
ဆွေမကင်း မျိုးမကင်းဖြစ်နေလို့ အားတုန်းလေး
ခဏ လာတာ"

Beyond All Measures  (COMPLETED)Where stories live. Discover now