အပိုင်း(၁၇)

27.1K 2.2K 174
                                    


"သားလေး ဒီနေ့ စောစော ပြန်လာတာလား"

ညနေ ၄ နာရီကျော်ကျော် ပဲ ရှိသေးသည်။

သားငယ် ပြန်လာတာကြောင့် ဧည့်ခန်းထဲက
ထိုင်ခုံတွင် တရားစာအုပ်တစ်အုပ်ဖြင့် ထိုင်နေသည့် ဒေါ်မြတ်ပန်းချီ ထလာကာ မေးလိုက်ခြင်းဖြစ်သည်။

"ဒီနေ့ ဗုဒ္ဓဟူးလေ မေမေ။ Guide သွားဖို့မလိုဘူး"

"ဪ အေး ဟုတ်သားပဲ ။ မေမေ မေ့နေတယ်"

"ကိုကောင်းရော မေမေ"

" မပြောချင်ပါဘူးကွယ်။ မေမေတို့ ဆန်စက်က
အလုပ်သမားလေး တစ်ယောက် ထိခိုက်မိပြီး
ဆေးရုံရောက်သွားလို့ အဲ့ဒါ သားကြီးက သူ့မန်နေဂျာနဲ့ အတူသူကိုယ်တိုင်လိုက်သွားလေရဲ့"

"ထိခိုက်မိတာက တော်တော်ဆိုးလား မေမေ"

"ခုနကတော့ မေမေ့ကို စိတ်မပူနဲ့ အဆင်ပြေတယ်ဆိုတဲ့
အကြောင်းဖုန်းဆက်လာတယ် သား"

"ဟုတ်ကဲ့ မေမေ။ တကယ်လို့ အကူအညီ
လိုတာရှိရင် ကျွန်တော့်ကို ပြောခိုင်းလိုက်နော် ။
ဆေးရုံကြီးမှာဆိုရင် တစ်ခုခုဆို ကျွန်တော်
အတူ လိုက်ပေးလိုက်မယ်လေ"

ဒေါ်မြတ်ပန်းချီက ပြုံး၍သာခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သားက သူ့ရဲ့ ဂျူတီကုတ်ကို
အရင်လို သူ့အိတ်ထဲ မထည့်ဘဲ အပြင်တွင် ထုတ်ကိုင်လာတာကို သူမ တွေ့လိုက်ရတာကြောင့်

"ဒါကလျှော်ဖို့လား သား"

"ဟုတ်တယ် မေမေ"

"ပေးပေး ဒီကို မေမေ လျှော်ပေးမယ်"

"ရတယ် မေမေ ကျွန်တော် ရေချိုးရင်းနဲ့ပဲ.."

"ကဲ ပေးပါ သားငယ်လေးရယ်။
ဂျူတီကုတ် နောက်တစ်ထည်ကိုလည်း
ဗီရိုအပေါ်ဆုံးထပ်မှာမေမေကိုယ်တိုင်
လျှော်ဖွပ်မီးပူတိုက်ပြီးထည့်ပေးထားတယ်။
သွား သွား နားချည်တော့"

သားရဲ့လက်ထဲက  ဂျူတီကုတ်ကို
အတင်းယူထားလိုက်ရင်း
သူမ ပြောလိုက်သည့်အခါမှ သားက ခပ်တိုးတိုးရယ်၍
အပေါ်ထပ်တက်သွားတော့သည်။

ဒေါ်မြတ်ပန်းချီသည်လည်း ကျောပိုးအိတ်ကို
တစ်ဖက်တည်းလွယ်ကာ
လှေကားအတိုင်းတက်သွားသည့် သူမ၏
သားငယ် ဘုန်းလျှံကွန်းခရဲ့ ကျောပြင်ကို ကြည့်ရင်း
ပြုံးလိုက်မိတော့သည်။

Beyond All Measures  (COMPLETED)Where stories live. Discover now