အပိုင်း(၂၃)

30.2K 2.2K 178
                                    

Car parking ကနေ အခန်းထိ
တစ်ယောက်တည်းပဲ တက်သွားပါ့မယ်လို့
ယံသွန်းညို ပြောတာကို ကွန်းခ က လက်မခံ၊
သူ့ကို ကလေးတစ်ယောက်နှယ် သတ်မှတ်ပြီး
အိမ်တံခါးအရှေ့ထိ လိုက်ပို့ပေးနေပြန်၏။

"အိမ်ပြန်ရောက်ရင် ဖုန်းဆက်နော် ဘေဘီလေး"

ယံသွန်းညိုက ပြုံးစိစိရုပ်လေး လုပ်၍
ကွန်းခ ကိုပြောလိုက်သည်။

"ဘာကို ဘေဘီလေးလဲ"

"ဟွန်း ဘာလဲ ။ မကျေနပ်တာလား။
မင်းလည်း ငါ့ကို ကလေးလေး လို့ခေါ်နေတာပဲလေ"

ကွန်းခ က နှစ်ခြိုက်စွာရယ်လိုက်ပြီးမှ ..
ယံသွန်းညိုရဲ့ လက်တစ်ဖက်ကို ဖွဖွဆွဲယူကာ
လက်ချောင်းလေးတွေအချင်းချင်း သွယ်ယှက်၍
ဆုပ်ကိုင်လိုက်လေသည်။

" မင်းနဲ့တွေ့ပြီးရင် အိမ်တောင်မပြန်ချင်တော့ဘူး။
တကယ် မခွဲချင်ဘူးဗျာ.."

"အိမ်လိုက်ခဲ့ရမလား"

"တကယ်လိုက်ခဲ့မလား"

မပီတပီ မျက်စောင်းဖွဖွလေးသည်
သူ့နှလုံးအိမ်တွင် လာစိုက်၏။

"စာကြည့်ရဦးမှာဆို"

"ဟုတ်တယ်"

"ပြန်တော့လေ ဒါဆို။
မင်းစာကြည့်ပြီး ညမှ ဖုန်းအေးဆေးပြောမယ်နော်"

"ခဏလေးပဲ ..မင်းမျက်နှာလေးကို
အဝကြည့်သွားဦးမယ်"

ကွန်းခ က ပြောပြီး ယံသွန်းညိုရဲ့ ကိုယ်လေးကို
ပခုံးမှ ကိုင်ကာ တံခါးဆီသို့  အသာအယာ
ဆွဲကပ်လိုက်သည်။

ယံသွန်းညိုက မျက်စလေးပင့်၍ ..

"မျက်နှာပဲကြည့်မှာဆို..ဒီလို လုပ်ဖို့မလိုပါဘူး"

ကွန်းခ သည် ဖွဖွပြုံး၏။

" တခြား ကျွန်တော် လုပ်ချင်သေးတာကို
ခွင့်တောင်းလို့ရမလား"

ပြုံးရိပ်ထင်သည့် နှုတ်ခမ်းတို့နှင့်
ကွန်းခ၏ မျက်ဝန်းအကြည့်တို့သည် နက်နက်ရှိုင်းရှိုင်း ။

Beyond All Measures  (COMPLETED)Where stories live. Discover now