အပိုင်း(၂၉)

37.9K 2.3K 168
                                    


ကွန်းခတို့၏ House Surgeon ကာလ
ပြီးဆုံးသွားပြီဖြစ်သည်။
မကြာခင်မှာ ဘွဲ့ယူရတော့မည်ဖြစ်၍
ကျောင်းသားကျောင်းသူများက ဘွဲ့နှင်းသဘင်အတွက်
စီစဉ်နေကြပေပြီ။

မိဘများကလည်း ကိုယ့်သားသမီး သူများထက်
သာစေရန်အလို့ငှါ အစစအရာရာ လိုလေသေးမရှိအောင်
ဖြည့်ဆည်းပေးကြ၏။

ဘုန်းလျှံကွန်းခအတွက်ကတော့ ဘွဲ့ယူတဲ့နေ့မှာ
ဝတ်ဖို့ အဝတ်အစားကိစ္စ ခေါင်းခဲစရာ၊ ပူစရာမရှိ။
ခေါင်းအစခြေအဆုံးကို ယံသွန်းညို က သူ့ရဲ့
Golden Hue မှာရှိသည့် Brand တွေရဲ့
latest Design တွေအား ရွေးထုတ်ပြီး graduation gift
အဖြစ်ပေးလိုသည် ဟုပြောသဖြင့် လက်ခံလိုက်ရသည်။

Rehearsal နေ့တွင် ကွန်းခ ဝတ်မည့် တိုက်ပုံနဲ့
ပုဆိုးအတွက်ကိုတော့ အမေဖြစ်သူ
ဒေါ်မြတ်ပန်းချီ သူ့စိတ်ကြိုက် ဆင်
မည်ဖြစ်သည်။ ထို့ကြောင့် အားသည့်တစ်ရက်တွင်
ယံသွန်းညို အပါအဝင် သူတို့မိသားစု တစ်ခုလုံး
ဆိုင်တစ်ဆိုင်တွင် နေ့လယ်စာ အတူစားကြပြီးနောက်
ပိုးထည် ချည်ထည်တိုက်များသို့ သွားဖြစ်ကြသည်။

"မေမေ ပြောပြတယ်။ ညီလေးနဲ့ မင်းရဲ့အကြောင်းကို
မေမေ့ကို ဖွင့်ပြောလိုက်ပြီဆို"

ဆိုင်၏ အရောင်းဝန်ထမ်းလေးများ
ပြနေသော ချိတ်ထည် များကို ကြည့်ရင်း
အန်တီမြတ်နဲ့ ကွန်းခ အလုပ်ရှုပ်နေချိန်တွင်
သူနဲ့အတူ ဆိုင်ထဲက ဆိုဖာတွင်
မျက်နှာချင်းဆိုင်ထိုင်နေသည့် ကောင်းဟန်ရဲ့
စကားကြောင့် ယံသွန်းညို က ခေါင်းညိတ်ပြလိုက်သည်။

ထိုအခါ ကောင်းဟန်က

"ဒါဆို မင်းနဲ့ငါနဲ့က သူငယ်ချင်း မဟုတ်တော့ဘူးပေါ့"

"ဘာကိုလဲ"

"ယောက်ဖတော်သွားတာ မဟုတ်လား"

ယံသွန်းညိုက သဘောတကျရယ်လိုက်သည်။

ကောင်းဟန်က ပြုံးလိုက်ပြီး..

"လက်ထပ်ကြမယ်ပြောတယ်။
လက်ထပ်ပြီးရင်ရော ဘယ်မှာနေဖို့စဉ်းစားထားလဲ။
မင်းရော ဘယ်မှာနေချင်လဲ"

"လက်ထပ်ဖို့က နည်းနည်းလိုပါသေးတယ်။
ကွန်းခ က ဘွဲ့ရပြီးရင် အစိုးရဆေးရုံမှာရော၊
ပုဂ္ဂလိက ဆေးရုံတစ်ခုခုမှာရော အလုပ်ဝင်ဦးမယ်တဲ့။
သူအခြေနည်းနည်းကျသွားပြီဆိုမှ အဲ့ဒီကိစ္စအတွက်
သေချာစဉ်းစားရမှာ။
ငါတို့လက်ထပ်ပြီးရင်တော့ ကွန်းခ က ဘွဲ့လွန်တက်ပြီး paediatrician (ကလေးအထူးကုဆရာဝန်)လည်း
လုပ်ချင်တယ်ပြောတယ်"

Beyond All Measures  (COMPLETED)Where stories live. Discover now