ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 20

Start from the beginning
                                    

" ပြောလေ... ငါလုပ်ပေးနိုင်တာဆို လုပ်ပေးမယ် "

" မောင်,လို့ ခေါ်ပေး "

" ဘာ! "

" ကျစ်! စလာပြန်ပြီ အဲ့ဒီ ဘာက...၊မခေါ်ချင်ရင်
ရတယ်နော်။အတင်းမခေါ်ခိုင်းဘူး။လက်ထပ်ပွဲကိုတော့ ကျွန်တော့်... "

" မောင် "

" ဘာ  ဘာပြောလိုက်တာ "

ယံ, လူဆိုးကောင်ဆီကနေ ထပ်ပြီး အကြပ်ကိုင်တာ မခံရအောင်၊မျက်လုံးစုံမှိတ်ပြီး ခပ်မြန်မြန် မောင်,လို့ ခေါ်လိုက်တာပေမယ့်... အသံကတိုးသွားလို့ မကြာဘူးထင်ပါရဲ့..၊ကောင်ဆိုးလေးက ဘာပြော လိုက်တာလဲ မေးနေတာမို့...

" မောင် "

" ပါးစပ်ထဲက လေထွက်ရုံလေး ပြောနေတာ
မကြားရဘူး။ပြန်ခေါ်  "

" မောင်! ငါ ငါ ပြန်နှင့်ပြီ "

ကြားရဲ့သားနဲ့ နားအရသာခံ ခေါ်ခိုင်းနေတဲ့ ကောင်ဆိုးလေးကို စိတ်တိုလာသည်မို့ ယံ,သည် ခပ်ဆောင့်ဆောင့်လေး ခပ်ကျယ်ကျယ်လေးခေါ်ပြီး... နေ့လည်စာ စားနေတဲ့ စားသောက်ဆိုင်ထဲကနေ ခပ်မြန်မြန်ပင် ထွက်လာခဲ့သည်။

ယံ့,အသံက ဘေးဝိုင်းတွေကပါ ကြားနိုင်သည့်
အသံအနေထားမို့... ရှက်စိတ်နဲ့ ဆိုင်ထဲကနေ ခပ်မြန်မြန် ထွက်လာတာလည်းဖြစ်သည်။

" ဟာ... ဟေ့ ခင်ဗျား... အဟင်း အဟင်း "

မောင်,လို့ ခေါ်ရတာလေးကို တော်တော်လေး အရှက်သည်းနေတဲ့ သက်ဆိုင်သူကြောင့်... ဆက်,သည် သဘောကျစွာရယ်နေမိသည်။

အစကတော့ နောက်ကနေ လိုက်သွားအုံးမလို့ပေမယ့်... ရှက်အားပိုနေသူက လိုက်သွားကာမှ ပိုရှက်သွားမှာဆိုးတာကြောင့်... မလိုက်ဘဲ ကျန်နေခဲ့လိုက်သည်။မှာထားတဲ့ နေ့လည်စာတွေက လာချပေးနေပြီဖြစ်ပေမယ့်... အတူစားမယ့်သူက ပြန်သွားနှင့်ပြီမို့... ဆက်,သည် ကျင်သင့်ငွေကို
ရှင်းပြီး ဆိုင်ကနေ ပြန်ခဲ့လိုက်သည်။

.

.

" မေမေ တခေတ် ပြန်လာပါပြီ "

" ကိုကိုရေ... မမ က မုန့်တွေဝယ်လာတယ် "

" မမ သားကို လက်ထဲက အထုပ်တွေပေး "

" အင်း... "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now