ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 19

Start from the beginning
                                    

" ပြောပြီးပြီလေ... တခေတ်နဲ့ ဦးလေးကြီး က
မဆိုင်မှ မဆိုင်တာ လို့... "

မဆိုင်တော့တာ မဆိုင်တော့တာ ဆိုတဲ့ စကားက
တိုက်,နားထဲ တော်တော်အဝင်ဆိုးသည့် စကားပဲဖြစ်သည်။

" မင်းနဲ့ငါ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးထားတာက... ပြောရမယ်ဆိုရင် မှင်တောင်
မခြောက်သေးတဲ့ အချိန်ပဲ။အခုချိန်ထိ ငါက မင်းရဲ့ အုပ်ထိန်းသူပဲ။အဲ့တော့ မင်း ငါ့စကားကို နားထောင်ရမယ်။အလုပ်ကနေ ထွက်ရမယ် "

" ဦးလေးကြီး က တခေတ် ဘားမှာ အလုပ်လုပ်နေရလို့ သနားနေတဲ့ပုံပဲ။မသနားပါနဲ့။တခေတ်က ယောက်ျားတစ်ယောက်က ကိုယ့်ကို သနားကြင်နာပေးမှ ရှင်သန်ရပ်တည်နိုင်တဲ့ သူမျိုး မဟုတ်ပါဘူး။ကိုယ့်အားကို ကိုးပြီး ရှင်သန်ရပ်တည်နိုင်တဲ့ သူပါ။တခေတ်မှာ အေးအတူပူ အမျှ မျှဝေခံစားပေးမယ့် မိသားစုလည်းရှိတယ်။
ပြီးတော့... တခေတ် အခုလုပ်နေတဲ့ အလုပျကျို တန်ဖိုးထားတယ်။တခေတ် အလုပ်က မကောင်းတဲ့ အလုပ်လည်း မဟုတ်ဘူး။သူများကိုလည်း မကောင်းကြံစဥ်နေတဲ့ အလုပ်မျိုးလည်း မဟုတ်လို့ ဒီအလုပ်ကနေ ထွက်မှာ မဟုတ်ပါဘူး။လက်ထပ်စာချုပ်ဆိုတာလည်း တခေတ်တို့နှစ်ယောက်လုံးရဲ့ စိတ်ခံစားချက်တွေမပါပဲနဲ့ ချုပ်ထားတဲ့ စာရွက်ပေါ်မှာ လက်မှတ်ဆိုတဲ့ သင်္ကေတဂဏာန်းလေးတွေ ရေးထိုးထားတာထက် ဘာမှမပိုပါဘူး။အဲ့ဒါကြောင့် တခေတ် ကို အဲ့ဒီစာချုပ်နဲ့ ချုပ်ကိုင်ဖို့ မကြိုးစားပါနဲ့။တခေတ် ဦးလေးကြီးနဲ့ မပတ်သက်ချင်တော့ဘူး။အလုပ်ချိန်မို့လို့ ခွင့်ပြုပါဦး "

" ချာတိတ်! ကျစ် ဟာကွာ... ဒုန်း "

တိုက်,ကိုယ်စေတနာ ကို အလေးမထားတဲ့
ချာတိတ်မလေးကို စိတ်တိုပြီး ကားဘီးကျို ခြေဖြင့် ပိတ်ကန်ပစ်လိုက်သည်။

လူကို အတင်းလိုက်ကပ်တုန်းက လိုက်ကပ်ပြီး...
ကိုယ်က ပြန်ဂရုစိုက်တော့ အလေးမထားတဲ့ အပြင် ပြောသွားလိုက်တဲ့ စကားက ကိုယ့်ကို ရင်ခံစေသည်။

" ဦးလေးကြီးနဲ့ မပတ်သက်ချင်တော့ဘူး။အဟင်း
မပတ်သက်နဲ့ ငါလည်း မင်းလို အရိုင်းအစိုင်းလေးနဲ့ ပတ်သက်ချင်စိတ်ကို ရှိမနေဘူး ရွှေတခေတ် "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now