အခန်း-၈၀ ကျိန်စာစကားလုံးဆယ့်ခြောက်လုံး။

Start from the beginning
                                    

"ဒါဆို.. ကျွန်တော်သေမှာလား?" စုယန်က မေးလိုက်သည်။

လော့ယွီ: "မင်းက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲလေ.. မင်းဘယ်လိုထင်လဲ?"

စုယန်က ဘာပြန်ပြောရမှန်းမသိသောကြောင့် အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့သည်။

နောက်ဆုံးတွင် လော့ယွီက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

"'ကြက်သွေးနီညှိုးနွမ်းခြင်းက' အဲ့လော့ကွေးရဲ့ ကူအဆိပ်ကို လွှဲပြောင်းပေးနိုင်တယ်ဆိုတာ မှန်ပါတယ်"
သူက သက်ပြင်းတစ်ချက်ချပြီး ဆက်ပြောသည်။

"ဒါပေမယ့်လည်း အဲဒီနည်းလမ်းက အဲ့လော့ကွေးကနေ ဆင်းသက်လာတာလေ။ သူ့မှာ ကူပိုးကို သန့်စင်ခြင်းနဲ့ ထိန်းချုပ်ခြင်းဆိုတဲ့ ကူပိုးနဲ့ပတ်သတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်အစိတ်အပိုင်းတွေ ပါနေတုန်းပဲ"

သူက စုယန်၏မျက်နှာအား ကြည့်လာ၏။

"အဲ့လော့ကွေးရဲ့ တော်ဝင်မိသားစုသွေးတစ်ဝက်ပါတဲ့ မင်းရဲ့ခန္ဓာကိုယ်က ကံကောင်းခြင်းတစ်ခုပဲ။ အဲဒါကြောင့် မင်းဒီလို အေးခဲနေတဲ့ အတွင်းစွမ်းအားတွေကို တွန်းလှန်နိုင်ခဲ့တာ။ မင်းနေရာမှာ တခြားတစ်ယောက် သာဆို တောင်တက်ဖို့မပြောနဲ့၊ ဆောင်းဦးနှောင်းပိုင်း လေအေးကတောင် သူတို့ကို သေသွားစေနိုင်တယ်"

စုယန်သည် ထိုစာကြောင်း၏ နောက်ဆုံးအပိုင်းကိုပင် မကြားလိုက်တော့ပေ။ သူက အံ့အားသင့်စွာ မေးလာပါ၏။

"...အဲ့လော့ကွေးရဲ့သွေး?"

လော့ယွီက စုယန်၏ မျက်နှာကို အကဲခတ်လိုက်သည်။ သူ၏အကြည့်များမှာ စုယန်၏ ပြေပြစ်နူးညံ့သော မျက်ခုံးပေါ်သို့ ကျဆင်းသွားပြီး ထိုမှတဆင့် မျက်လုံးထောင့်စွန်းလေးနားသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားခဲ့သည်။

ထိုကဲ့သို့ လှပသော မျက်လုံးနှင့် မျက်ခုံးများသည် သူ့မှတ်ဉာဏ်ထဲရှိ ဝေဝါးစပြုနေပြီဖြစ်သော ချစ်စဖွယ် ပုံရိပ်လေးနှင့် ထပ်တူပူးပေါင်းသွားခဲ့၏။ အချိန်အတော်ကြာပြီးနောက် သူက ပြောလာသည်။

"မင်းရဲ့အမေနာမည်က အဲ့လော့ကျင်း.. သူက ငါ့ရဲ့
ညီမလေးပဲ"

စုယန် လုံးလုံးလျားလျား အံသြသွားခဲ့သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now