အခန်း-၅၁ နံနက်ခင်းအလင်းရောင်နှင့် ကြိုးတံတား။

4K 784 20
                                    

Unicode

အခန်း-၅၁ နံနက်ခင်းအလင်းရောင်နှင့် ကြိုးတံတား။

[ရှေးခေတ်က လူတွေက ထိန်းထိန်းသိမ်းသိမ်းရှိကြတယ် မဟုတ်လား...?]

စုယန်သည် မျက်ဝန်းကျွန်းဆွယ်ရှိ နေအိမ်သို့ ပြန်ရောက် သောအခါ ပင်ပန်းနွမ်းနယ်နေပြီး ဆာလောင်မှုကြောင့် လျန်ကျိုးအား ညစာပြင်ဆင်ရန် အမိန့်ပေးခဲ့သည်။

ယခု သန်းခေါင်ယံအချိန် နီးကပ်လာပြီဖြစ်သော်လည်း ကုဖေးတိ၏အခန်းထဲတွင် မီးလင်းနေသေးသည်။ စုယန်သည် ခဏတာ စဉ်းစားပြီးနောက် တံခါးခေါက်လိုက်၏။

"အိပ်နေပြီလား?"

ခဏအကြာတွင် အတွင်းနှင့်အလယ် နှစ်ထပ်သာ ဝတ်ဆင်ထားသော ကုဖေးတိက တံခါးကိုဖွင့်လာသည်။ သူက ပြုံးလျက်ဆို၏။

"အိမ်ရှင်ပြန်မလာသေးဘဲ ဧည့်သည်က ဘယ်လိုအိပ်နှင့်ရမှာလဲ"

စုယန်သည် သူ၏ခေတ်နောက်ကျသော အပြုအမူကြောင့် ရယ်နေမိသည်။ သူက ကုဖေးတိ၏လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး ပြောလိုက်၏။

"အရမ်းနောက်ကျနေပြီဆိုတော့ မင်းလဲ ဗိုက်ဆာနေမှာပေါ့။ လာ.. ငါနဲ့ ညစာလာစား၊ မနက်ဖြန်ကျရင် ငါတို့ လမ်းလျှောက်ထွက်ကြမယ်"

ကုဖေးတိက မငြင်းဆိုဘဲ စုယန် သူ့အား ပင်မအိမ်ခန်းထဲကို ဆွဲခေါ်သွားသည်ကို ခွင့်ပြုလိုက်သည်။

မြေရိုင်းလွင်ပြင်၏ ဆောင်းဦးနှောင်းပိုင်းညများသည် ပိုလို့တောင် အေးစိမ့်လာခဲ့သည်။ စုယန်သည် အခန်းအတွင်း၌ မီးသွေးမီးဖိုတစ်ခုကို ပြုလုပ်စေ ခဲ့သည်။ အစေခံများသည် အစားအစာများနှင့် သေရည်ပုလင်းများကို ခင်းကျင်းပေးပြီးနောက် အခန်းထဲမှ ထွက်သွားကြ၏။ သူတို့နှစ်ဦးသည် ဖယောင်းတိုင်မီးရောင်အောက်တွင် နွေးနွေးထွေးထွေး စားသောက်ခဲ့ကြသည်။

ကုဖေးတိသည် အဆိပ်ဖြေခြင်းနှင့်ပတ်သတ်ပြီး မည်သည့်စကားမှ မဟခဲ့ပါ။ ယင်းအစား ပျားရည်နှင့် ဇီးသီးအရသာ ရောစပ်ထားသော အသားကို ချီးကျူးခဲ့ပြီး စုယန်နှင့် အချိန်အတော်ကြာ အစားအသောက်မျိုးစုံအကြောင်း စကားစမြည်ပြောခဲ့သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now