အခန်း-၂၀ ပြောင်းလဲရန် အကောင်းဆုံးကြိုးစားခြင်း။

4.8K 932 66
                                    

Unicode

အခန်း-၂၀ ပြောင်းလဲရန် အကောင်းဆုံးကြိုးစားခြင်း။

[သူ တစ်ခုမှ နားမလည်ဘူး!]

ထိုနေ့ ညစာစားပြီးသောအခါ ကုဖေးတိသည် အနန္တအသိပညာစံအိမ်သို့ ထပ်မံသွားရောက်ခဲ့သည်။ စုယန်သည် တိလင်းနှင့်အတူ နွေဦးသက်ဝင်ဥယျာဉ်သို့ ပြန်သွားကာ 'ရေခဲကိုးလွှာပွင့်လန်းခြင်း' စာအုပ်ကို ချက်ချင်းယူ၍ သူမအား မေးလိုက်သည်။

တိလင်းသည် အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် စုယန် သူမအခန်းထဲသို့ဝင်ရန် မသင့်တော်ပေ။ ထို့ကြောင့် ခြံဝင်းအတွင်း သစ်ပင်တစ်ပင်အောက်ရှိ ကျောက်စားပွဲ၌ သူတို့နှစ်ဦး ထိုင်လိုက်ကြသည်။

"ဘာကို နားမလည်တာလဲ?" တိလင်းက ပေါ့ပေါ့ပါးပါး မေးလိုက်၏။

စုယန်သည် တိလင်း၏ အာရုံစူးစိုက်မှုမရှိဘဲ ဗလာဖြစ်နေသော မျက်လုံးများကို စိုက်ကြည့်ကာ ခဏတာမျှ သူ့ပြဿနာကို မည်သို့ဖော်ပြရမည်ကို မသိတော့ပေ။

သူ၏ လက်ရှိအခြေအနေသည် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်အတွက် ဆရာ့ထံ‌မေးမြန်းရန် အင်္ဂလိပ်စာ‌ မေးခွန်းတစ်စောင် ယူဆောင်လာသောကျောင်းသားနှင့် တူနေကြောင်း ရုတ်တရက် သိလိုက်ရသည်။ ဆရာက သူ မဖြေနိုင်တဲ့မေးခွန်းတွေကို မေးလိမ့်မည်--- သို့သော် တကယ်တမ်း သူသည် အင်္ဂလိပ်အက္ခရာ နှစ်ဆယ့်ခြောက်လုံးကိုသာ သိထားခြင်းဖြစ်သည်။

ဘာကို နားမလည်တာလဲ?

သူ တစ်ခုမှ နားမလည်ဘူး!

စုယန် ခဏတာ နှုတ်ဆိတ်နေပြီးနောက် ရိုးရိုးသားသား ပြောလိုက်တော့သည်။

"... အကုန် နားမလည်ဘူး"

တိလင်းသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

"အကုန်လုံးလား"

စုယန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်.. ကျွန်တော် ဘာမှ နားမလည်ဘူး"

တိလင်းသည် ပိုလို့တောင် အံ့ဩသွားရ၏။

"မင်းက 'မရဏပန်းခြောက်ပွင့်'ကို အောင်မြင်မှုရပြီးပြီ။ ဒါကြောင့် မင်းမှာ အရမ်းခိုင်မာတဲ့ အခြေခံအုတ်မြစ် ရှိတယ်လို့ ယူဆနိုင်တယ်။ ဒီအဆင့်မြင့် စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်တွေ ကျင့်တာက မင်းရဲ့လက်ရှိအတွင်းစွမ်းအား လည်ပတ်မှုကို တိုးမြှင့်စေမယ့် နည်းလမ်းတစ်ခုပဲ။ တစ်ခုနဲ့တစ်ခု ဖြည့်ဆည်းနေသရွေ့ အောင်မြင်မှုက သဘာဝအတိုင်း ရှိလာမှာပဲ.. နားမလည်ဘူးလား"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Kde žijí příběhy. Začni objevovat