အခန်း-၁၁၇ သေချာစဉ်းစားပြီးမှ ဖြေဆိုပါ။

878 133 3
                                    

Unicode

အခန်း-၁၁၇ သေချာစဉ်းစားပြီးမှ ဖြေဆိုပါ။

[ဒီနေ့အထိ အသက်ရှင်နိုင်ခဲ့တာ ကြီးမားတဲ့ ကောင်းချီးတစ်ခုပဲ]

ရေချိုးပြီး အဝတ်အစားလဲပြီးနောက် ကုဖေးတိက စုယန်၏ ဆံပင်တွေကို အခြောက်ခံရန် သူ၏ အတွင်းအားကို အသုံးပြုခဲ့သည်။ ထို့နောက် ဆံပင်ဖြီးပေးရန် ခေါင်းဖြီးကို ကောက်ယူလိုက်၏။

"မင်းရဲ့ဆံပင်က နည်းနည်းရှည်လာပြီ။ သရဖူဆောင်းရင် လျော့ကျမှာမဟုတ်တော့ဘူး"

စုယန်က ခေါင်းညိတ်လိုက်ပြီး ပျင်းရိစွာ သမ်းဝေလိုက်၏။

သူတို့သည် ခရီးတစ်လျှောက်လုံး အလျင်စလိုမရှိခဲ့ကြသည့်အပြင် ချီအဘိုးအို၏ လယ်ယာအိမ်တွင် တစ်ညတာပင် အနားယူခဲ့ကြသော်လည်း မကြာသေးမီက ဆက်တိုက်ဖြစ်ပွားခဲ့သော ဖြစ်ရပ်များမှ စိတ်ဖိစီးမှုများသည် လုံးလုံးမသက်သာနိုင်သေးပါ။ ထို့အပြင် စောစောက သူတို့နှစ်ဦးသည် ခံစားချက်များ ထိန်းမနိုင်သိမ်းမရဖြစ်ကာ ရေချိုးခန်းတွင် အကြိမ်များစွာ ချစ်ခဲ့ကြသေးသည်။ စုယန်သည် အဝတ်လဲခန်းရှိ ခုံတန်းလျားပေါ်တွင် လဲလျောင်းရန် ပြင်လိုက်၏။

ကုဖေးတိက ပြုံးလိုက်ပြီးဆို၏။

"မင်း ပင်ပန်းနေရင် အိမ်ထဲကို ပြန်သွားပြီး ခဏ အနားယူလိုက်လေ။ ကိုယ်မင်းအတွက် နေ့လယ်စာ ယူလာပေးမယ်"

စုယန်က မျက်လုံးများကို မှိတ်ထားကာ ညည်းညူလိုက်၏။

"ငါမလှုပ်ချင်ဘူး။ ငါ့ကို ပြန်သယ်သွားပေး....."

ကုဖေးတိက ကူကယ်ရာမဲ့စွာ ပြုံးပြီး ခေါင်းယမ်းလိုက်လေ၏။ သူက စုယန်ကို သူတို့ရဲ့အိမ်ငယ်လေးဆီ တောက်လျှောက်သယ်သွားပြီး အိပ်ခန်းထဲက ကုတင်ပေါ်သို့ ညင်သာစွာ ချလိုက်သည်။

စုယန်က ဘေးသို့စောင်းကာ စောင်ကို ဖြစ်သလိုဆွဲခြုံလိုက်၏။ သူမျက်လုံးမှိတ်ပြီး ချက်ချင်းဆိုသလိုပင် အိပ်မက်ထဲမှာ နစ်မျောသွားလေသည်။

စုယန်သည် ငြိမ်းချမ်းစွာ အိပ်မောကျနေပြီး ကျောက်စိမ်းအိမ်တော်တွင်လည်း အန္တရာယ်မရှိသောကြောင့် ကုဖေးတိသည် စုယန်အား စောင်ကို သေသေချာချာ ဆွဲခြုံပေးလိုက်သည်။ ထို့နောက် သူ သည် အပေါ်ထပ်ကို၀တ်ကာ အနန္တအသိပညာစံအိမ်ဆီသို့ ဦးတည်ထွက်လာခဲ့လေ၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now