အခန်း-၉၉ ပရမ်းပတာများ တဖြည်းဖြည်း ပေါ်ပေါက်လာခြင်း။

1.6K 252 4
                                    

Unicode

အခန်း-၉၉ ပရမ်းပတာများ တဖြည်းဖြည်း ပေါ်ပေါက်လာခြင်း။

[သူ့နှလုံးသားအောက်ခြေကနေ အတည်ပြုချင်နေတုန်းပဲ...]


ထန်းယွင်စံအိမ် ဦးဆောင်သော တပ်ဖွဲ့များသည် ကျောက်တုံးကြီးများ၏နောက်ကွယ်သို့ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

ကုဖေးတိနှင့်စုယန်တို့သည် အပြင်ဘက်ရှိ အလယ်ပိုင်းလွင်ပြင် သိုင်းပညာရှင်တို့အား လှည့်ပတ်ကာ နတ်ဆိုးမြို့တော်ထဲသို့ ဝင်ရောက်ခဲ့ကြလေသည်။

မိစ္ဆာဂိုဏ်းမှဖန်တီးထားသောနတ်ဆိုးမြို့တော်၏ လမ်းကြောင်းအမှတ်အသားများမှာ ကျောက်တုံးများကိုအသုံးပြု၍ ပြုလုပ်ထားခြင်းဖြစ်ပြီး အများစုမှာ လေတိုက်စားခံရသော ကျောက်စာတိုင်များအောက် မြေပြင်တွင် ထားရှိထားခြင်းဖြစ်သည်။ အမှတ်အသားများသည် ရှုပ်ထွေးမှုမရှိသည့်အပြင် ခွဲခြားရန်အတော်လေးလွယ်ကူသော်လည်း လူတစ်ဦးသည် မိစ္ဆာဂိုဏ်း၏စည်းမျဉ်းများနှင့် မရင်းနှီးပါက၊ အဆိုပါကျောက်တုံးများသည် လမ်းသွားလမ်းလာများ၏အမြင်တွင် သာမန်ကျောက်တုံးများသာ
ဖြစ်ပုံရလေသည်။

ယခင်အချိန်က မိစ္ဆာဂိုဏ်းထဲကို ဝင်ခဲ့စဉ်တွင် သူ့ဘေး၌ ပန်းလက်ထောက်များ ရှိခဲ့သောကြောင့် ဤအမှတ်အသားများအကြောင်း ကုဖေးတိကို အသိပေးရန် စုယန်အတွက် မသင့်တော်ခဲ့ပေ။ ဤတစ်ကြိမ်တွင် သူတို့သည် တစ်ဖွဲ့တည်းဖြစ်နေပြီဖြစ်သောကြောင့် စုယန်သည် လမ်းကြောင်းအမှတ်အသားများနှင့် မိစ္ဆာဂိုဏ်းမှ ချမှတ်ထားသော စည်းမျဉ်းများအကြောင်း အားလုံးကို ပြောပြခဲ့သည်။

လမ်းကြောင်းကို နားလည်ပြီးနောက် ကုဖေးတိက ဆိုလေ၏။

"နောင်မှာ ငါမိစ္ဆာဂိုဏ်းကို အန္တရာယ်ပြုမှာ ‌မကြောက်ဘူးလား?"

စုယန်က မျက်လုံးလှန်လိုက်ရင်း ပြောသည်။

"အခုရော ငါတို့က ကောင်းတာလုပ်ဖို့ မိစ္ဆာဂိုဏ်းကို သွားနေတာမလို့လား"

ကုဖေးတိက ပြုံးလိုက်ပြီး စုယန်၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now