အခန်း-၈၇ အိပ်မက်မြေနှင့် ဆောင်းရာသီလများ။

1.9K 327 0
                                    

Unicode

အခန်း-၈၇ အိပ်မက်မြေနှင့် ဆောင်းရာသီလများ။

[ရှစ်တိ.. ငါ့ဆန္ဒတွေအားလုံးကို ဖြည့်ဆည်းပေးမှာလား?]

စုယန်နိုးလာသောအခါတွင် နောက်တစ်နေ့ နံနက်
မိုးထိန်ထိန်လင်းနေသည်ကို သိလိုက်ရသည်။

မျက်လုံးဖွင့်လိုက်သောအခါ သူပထမဆုံးမြင်လိုက်ရသည်မှာ ကုဖေးတိ၏အိပ်ပျော်နေသောမျက်နှာပင်။

ကုဖေးတိ၏အမူအရာမှာ ငြိမ်သက်နေပြီး အသက်ရှုသံများ တည်ငြိမ်နေသောကြောင့် နိုးမနေကြောင်း ထင်ရှားလေသည်။ သို့သည်တိုင် သူ၏လက်တစ်ဖက်က စောင်အောက်ရှိ စုယန်၏လက်ချောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ။ ကျန်တစ်ဖက်ကမူ
စုယန်၏ ခါးအား ရစ်ပတ်ထားသည်မှာ တစ်ညလုံး မလွှတ်ခဲ့ပုံ ရလေသည်။

စုယန်သည် ကုဖေးတိကို မနိုးစေချင်သောကြောင့် တိတ်ဆိတ်စွာဖြင့် မလှုပ်မယှက် အိပ်ပျော်နေသော လူငယ်လေး၏ မျက်နှာကို စိုက်ကြည့်ရင်း သူမက်ခဲ့သော အိပ်မက်ကို ပြန်တွေးနေမိသည်။

အိပ်မက်သည် အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲနေပြီး
ယုတ္တိမတန်ဟု ထင်ရသော အပိုင်းများနှင့် ပြည့်နှက်နေပါသည်။ ရုတ်တရက် သူသည် မြေရိုင်းလွင်ပြင်၏ မြေအောက်လှိုဏ်ဂူထဲတွင် ရှိနေပြီး ထို့နောက်တွင် မိစ္ဆာဂိုဏ်း၏ တားမြစ်နယ်မြေအတွင်း ရှိနေပြန်သည်။ အကျဉ်းချုပ်ရသော်
ဤအကြောင်းအရာများအားလုံးသည်
ကုဖေးတိနှင့် အတူရှိချိန်များမှ
ကောက်နှုတ်ချက်များပင် ဖြစ်သည်။

သို့သော်ငြား အိပ်မက်ထဲရှိစုယန်သည် သူကိုယ်တိုင်နှင့် လုံးဝကွဲလွဲနေပြီး အမှန်တကယ် မာနကြီးကာ ရက်စက်ကြမ်းကြုတ်သူဖြစ်သည်။ အချိန်အများစုတွင် ကုဖေးတိနှင့် တိုက်ခိုက်ခြင်း၊ သို့မဟုတ် ကုဖေးတိ၏ အလိုကို ဆန့်ကျင်ကာ အတင်းအကြပ် ထိတွေ့ နမ်းရှိုက်ခြင်းများကို အတင်းအကြပ် ပြုလုပ်လေ၏။

စုယန်သည် ဤအိပ်မက်အပိုင်းအစများကို ပြန်သတိရသောအခါ အနည်းငယ် စိတ်ရှုပ်သွားသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now