အခန်း-၁၀၆ ကျော်လွှားစရာ အခက်အခဲပေါင်းများစွာ။

1.2K 164 0
                                    

Unicode

အခန်း-၁၀၆ ကျော်လွှားစရာ အခက်အခဲပေါင်းများစွာ။

[ကြိုးကြာဖြူအိပ်မက်- ဓားသိုင်းအသစ်၏အမည်]

မြောက်ဘက်သို့ ခရီးတလျှောက်လုံး လေထုသည် ပိုအေးလာကာ ညတာများသည် ပိုရှည်လာသည်။

စုယန်နှင့် ကုဖေးတိသည် ဆယ့်ငါးရက်အတွင်း အဲ့လော့ကွေး၏ တော်ဝင်နန်းတွင်းသို့ ဝင်ရောက်နိုင်ရမည်ဟု မျှော်မှန်းကာ တစ်ညလုံး ခရီးကို အလျင်အမြန်သွားရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။

အဲ့လော့ကွေးသည် ကျယ်ပြန့်သော နယ်မြေကို ပိုင်ဆိုင်ထားသော်လည်း မြေအများစုသည် တစ်နှစ်ပတ်လုံး နှင်းများ၊ ရေခဲများဖြင့် ဖုံးလွှမ်းနေသောကြောင့် မွေးမြူရေးနှင့် စိုက်ပျိုးရေးအတွက် မသင့်လျော်ပေ။ ဤနေရာရှိလူများသည် ၎င်းတို့၏ ၀င်ငွေရင်းမြစ်အတွက် ငါးဖမ်းခြင်းနှင့် အမဲလိုက်ခြင်းတို့ကိုသာ အဓိကအားကိုးကြသည်။ ဆောင်းရာသီတွင် သားကောင်များပါ ရှားပါးလာသောကြောင့် ယခုအချိန်တွင် ရေခဲလွင်ပြင်၌ လူရိပ်တစ်ခုပင် မတွေ့ရသည်အထိ ဖြစ်နေ၏။

ကံကောင်းထောက်မစွာ ဤနေရာရှိ တောင်များသည် ကျယ်ပြန့်သော သစ်တောများဖြင့် ဖုံးလွှမ်းထားသောကြောင့် စုယန်နှင့် ကုဖေးတိတို့သည် သိပ်မပေါ်လွင်နေခဲ့ပေ။

ရေခဲလွင်ပြင် ပတ်ပတ်လည် ခရီးသွားခြင်း၏ ခုနစ်ရက်မြောက်ညတွင် သူတို့နှစ်ဦးသည် အဲ့လော့ကွေး၏ ကင်းထောက်များနှင့် ပထမဆုံး တိုက်ပွဲကို ရင်ဆိုင်ခဲ့ကြသည်။

စုစုပေါင်း ပြိုင်ဘက် လေးဦးရှိကာ ၎င်းတို့အနက် တစ်ဦးက တစ္ဆေဇီးကွက်ကို ခေါ်ဆောင်လာခဲ့သည်။ ကံကောင်းစွာဖြင့် ကုဖေးတိ၏တုံ့ပြန်မှုသည် မြန်ဆန်ခဲ့သည်။ တစ္ဆေဇီးကွက်ကို လွှတ်ပေးရန် အချိန်မရသေးခင်မှာပဲ သူ၏ဓားဖြင့် နှစ်ပိုင်းတိတိ ပိုင်းဖြတ်ပစ်လိုက်လေ၏။ သတင်းပို့ရန် တစ္ဆေဇီးကွက်မရှိသည်ကို တွေ့လိုက်ရသဖြင့် လေးယောက်ထဲမှ တစ်ယောက်က ထွက်ပြေးရန် ကြိုးစားသော်လည်း စုယန်၏ လျင်မြန်သော လှုပ်ရှားမှုကြောင့် တားဆီးခံလိုက်ရသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now