Part 18 ( Unicode & Zawgyi)

470 55 2
                                    


Unicode

  "Taehyung မင်းဘယ်ကပြန်လာတာလဲ ။မင်းကို Jimin လိုက်ရှာနေတယ်"

အလှပြင်ခန်းထဲကို ခေါင်းငိုက်စိုက်ကျပီးအခုမှဝင်လာတယ့် Taehyung ကို Jin ကလှမ်းမေးလိုက် လေသည်။

"ဟိုနား ဒီနား ခနသွားတာပါ"

"Taehyung မင်းနေမကောင်းဘူးလား...
မျက်နှာလဲမကောင်းဘူး"

Taehyung လဲအလှပြင်ခန်းထဲမှာရှိတယ့် ရေခဲသေတ္တာထဲကနေ ရေတစ်ဗူးကိုထုတ်ယူလိုက်ပီး အဝသောက်ကာ Jinရဲ့ အမေးကိုပြန်ဖြေလိုက်သည်။

"အင်း ငါခေါင်း နည်းနည်းကိုက်နေလို့"

"မင်းခေါင်းကိုက်တာမပျောက်သေးဘူးလား။ မင်းဒီရက်ပိုင်းတွင်းမှာပိုဆိုးလာသလိုဘဲနော် ဆေးခန်းလေးဘာလေးသွားပြအုံး"

"အင်း"

Jin ရဲ့စကားကိုသူပေါ့ပျက်ပျက်သာ ဖြေလိုက်ပီး ဆိုဖာပေါ်မှာ လှဲချလိုက် လေသည်။‌ကိုက်နေတယ့်ခေါင်းကို အန်တုရင်းနဲ့ အိပ်ပျော်အောင်အိပ်လိုက်သည်။အိပ်ပျော်သွားရင်တော့ ခေါင်းကိုက်တာသက်သာသွားလောက်တယ်လေ။

ဘောလုံးကွင်းထဲက ကောင်လေးနှစ်ယောက်မှာ‌တော့ တစ်ယောက်က ငိုရ‌တာ‌ပင်ပန်းသွားလို့ထင်ပါတယ် နောက်တစ်ယောက်ရဲ့ ပုခုံးလေးပေါ်မှာမှီပီးအိပ်ပျော်နေလေရဲ့...။
အမှီခံထားတယ့်ကောင်လေးကလဲ အိပ်ပျော်နေတယ့်ကောင်လေးကိုကြည့်ပီးပြုံးနေလေသည်။

စီနီယာရယ် အိပ်နေတယ့်ပုံစံလေးကလဲကလေးလေးနဲ့တူလိုက်တာ။နှာခေါင်းလုံးလုံး လေးကလဲ ငိုထားတယ့်အရှိန်ကြောင့်ထင်တယ် နီရဲနေပီး ပါးမို့မို့လေးတွေမှာလဲ ‌ပန်းရောင်လေးတွေသန်းနေတယ်။သူပုခုံးတစ်ချက်တွန့်လိုက်ရင်လဲ အိပ်နေတာပျက်သွားလို့ထင်ပါတယ် မျက်ခုံးတန်းလှလှလေးနှစ်ဖက်ကစုကျုန့်သွားလေရဲ့။မှိတ်ထားတယ့်မျက်ခွံမို့မို့လေးတွေရဲ့အောက်မှာလဲ စူးရှနေတယ့်မျက်ဝန်းဝိုင်းဝိုင်း‌ လေးတွေကရှိ နေပြန်တယ်။ဒီလို အဖက်ဖက်ကချစ်ဖို့ကောင်းနေတယ့်လူသား လေးကို လက်လွတ်လိုက်ရတော့မယ်ဆိုတယ့်အသိက ကျွန်တော့်ရင်ဘတ်ထဲမှာ အရမ်းနာကျင်ရတယ်ဗျာ...။

Crush Love 💚💛Where stories live. Discover now