Part 16 ( Unicode & Zawgyi )

439 58 11
                                    

Unicode

"ငါမင်းကိုထားထားခဲ့တယ့်အတွက်
တောင်းပန်ပါတယ်Min..."

"မင်းက ဘာလို့တောင်းပန်တာလဲ"

Min...လို့ခေါ်တာကိုကျေနပ်နေပေမဲ့ နတ်သားလေးရဲ့ ဘာဖစ်လို့တောင်းပန်နေလဲဆိုတာ တော့သူနားမလည်နိုင်ဘူး။

"ဒီအတိုင်းဘဲတောင်းပန်ချင်လို့"

နတ်သားလေးက အဲ့အတိုင်းဘဲစကားကိုပွင့်ပွင့်လင်းလင်း ပြောတယ်ဆိုတာ တစ်ခါမှမရှိခဲ့ဖူးဘူး။နတ်သား‌ လေးပွင့်လင်းတယ့်အချိန်ဟာ ကျွန်တော်မဟုတ်တဲ့ ဒီပြင်လူတွေနဲ့ စကား ပြောတယ့်အချိန်ဘဲရှိတယ်။သူလဲနတ်သားလေးရဲ့ ပုံစံကိုကြည့်ပီး စိတ်တိုလာတာနဲ့ ဘောက်စပ်စပ်နဲ့သာ ပြန်ပြောလိုက်သည်။

"အဲ့ဒါဘဲမှတ်လား ပြောစရာမရှိရင်တော့ရင် ငါသွားတော့မယ်"

"ခနနေပါအုံး...ငါ့ကိုစိတ်ဆိုးနေတာလား"

ထွက်သွားတော့မယ့်သူ့လက်ကို ထပ်ဆွဲလာတယ့်နတ်သားလေးရဲ့ လုပ်ရပ်ကြောင့် သူဘာမှကိုနားမလည်နိုင်တော့ဘူး။ငါစိတ်ဆိုးတာကိုမလိုချင်ရင် မင်းကလဲငါမကြိုက်တယ့်လုပ်ရပ်ကိုမလုပ်နဲ့ပေါ့ နတ်သားလေးရယ်...မင်းနဲ့တော့ခက်တာဘဲ။

"ငါက ဘာကိစ္စစိတ်ဆိုးရမှာလဲ ပီးတော့ မင်းကိုငါက စိတ်ဆိုးပိုင်ခွင့်လဲမရှိဘူး"

"......."

ဟုတ်တယ်...ကျွန်တော်ကသူ့ကိုစိတ်ဆိုးပိုင်ခွင့်မှမရှိတာ။အဲ့လိုစိတ်ဆိုးရလောက်တယ့်အကြောင်းပြချက်ခိုင်ခိုင်မာမာကိုလဲ ငါမင်းကိုပြောပြမှာမဟုတ်ဘူး။ငါ့ဆီမှာ ဘာအားနည်းချက်မှမရှိတော့တယ့်အချိန်ကြမှ မင်းကိုဖွင့်ပြောမယ်လို့ ငါဆုံးဖြတ်ထားတယ် နတ်သားလေးရေ။အဲ့နေ့ကိုရောက်ဖို့အတွက်လဲ ငါကြိုးစားနေတာပါ။ငါကမင်းအတွက် ပြီးပြည့်စုံနေ‌တယ့် ချစ်သူမျိုးဘဲဖစ်ချင်တာ။သူများတွေကငါအဲ့လိုပြောလို့ လှောင်ချင်လဲလှောင်ကြပါစေ။ငါကယောက်ျား လေးတစ်ယောက်ဖစ်နေတယ် ဆိုတာနဲ့တင် မင်းအတွက်အားနည်းချက်တွေကများနေလို့ ငါအခုလိုကြိုးစားနေရတာပါ။ငါ့ရည်ရွယ်ချက်တွေ မအောင်မြင်သေးသ၍ မင်းချစ်တယ်လို့ဘယ်တော့မှပြောမှာမဟုတ်ဘူး နတ်သားလေးရေ...။

Crush Love 💚💛Where stories live. Discover now