Part 4 ( Unicode & Zawgyi)

468 43 2
                                    

Unicode

သာယာတဲ့ မနက်ခင်းလေးတခုဟာ ကောင်လေးတယောက်ဟာ စောင်ပုံတွေကြားထဲကနေ လူးလိမ့်ပီးထလာခဲ့တယ် ပီးတော့ တခုခုကိုစဉ်းစားလိုက်ပီး မျက်နှာမှာ ချက်ချင်း အပြုံးပန်းတွေ ပွင့်လန်းသွားခဲ့တယ်

" ဒီနေ့ Taeနဲ့အတူ ကျောင်းသွားရမှာဘဲ ပျော်လိုက်တာ ငါမြန်မြန်လုပ်ပီး ကြိုသွားစောင့်နေရမယ်"

သူ့ဘာသာသူရေရွတ်လိုက်ပီး ရေချိုးခန်းထဲကိုအသည်းအသန်ဝင်သွားလိုက်သည် ပီးတော့‌ပြန်ထွက်လာပီး မြန်မြန်ပြင်ဆင်ကာအောက်ထပ်ကို ဆင်းလာခဲ့သည်

" အမလေးကြားသားမိုးကြိုး Park Jimin တို့က မနှိုးရဘဲ‌နိုးနေလို့ပါလား"

သူ့Ommaက သူ့ကိုအထူးအဆန်းနဲ့ ကြည့်ပီးပြောလာတယ် ommaပြောသလို ထူးဆန်းနေတာတော့ အမှန်ပေါ့ အရင်တုန်းကဆိုကျောင်းချိန်နားနီးမှ အသည်းအသန်လာနှိုးမှနိုးတယ့်လူလေ
အခုမှသူ့နတ်သားလေးနဲ့တွေ့ရတော့မယ်ဆိုတော့ မနက်မိုးလင်းထဲက မျက်လုံးကသူ့အလိုလိုပွင့်နေတာ

" Ommaကလဲ သားက‌ကျောင်းစောစောသွားချင်လို့ အမြဲတမ်းကျောင်းနောက်ကြနေတော့မကောင်းဘူးလေ "

" အေးပါ အေးပါ စောစောသွားတော့ကောင်းတာပေါ့"

သူလဲ Omma ပြင်ပေးထားတယ့်မနက်စာကိုသာ မြန်မြန်စားလိုက်ပီး ခြံထဲက စက်ဘီးကိုထုတ်ကာ သူ့နတ်သားလေးဆီ တွေ့ချင်ဇောနဲ့ အမြန်နင်းသွားခဲ့တယ်
ဟိုလဲရောက်ကော သူ့နတ်သားလေးကို မတွေ့ဘူး သူနာရီပြန်ကြည့်တော့ ကျောင်းတက်ဖို့ တစ်နာရီတောင် လိုသေးတာဘဲဆိုပီး ခြံရှေ့မှာဘဲရပ်စောင့်နေလိုက်တယ်

"မင်းရောက်နေတာကြာပီလား ငါအိပ်ယာထနောက်ကျသွားလို့"

သူလဲနာရီကိုပြန်ကြည့်လိုက်တယ် ကျောင်းတက်ဖို့ 10minဘဲလိုတော့တာလေ သူမိနစ်min50တောင်စောင့်လိုက်တာဘဲ ဒါပေမဲ့နတ်သားလေးနဲ့ အတူတူရှိဖို့အတွက်ဘဲ အဲ့လောက်အချိန်ကဘာမှမဖစ်ပါဘူး

" ငါလဲခုနကမှရောက်တာမကြာသေးဘူး"

"အော် အေး သွားကြမယ်လေနောက်ကျနေပီ "

Crush Love 💚💛Where stories live. Discover now