Part 3 (Unicode & Zawgyi)

538 46 2
                                    

Unicode

Jimin လဲ ဟိုလိမ့်ဒီလိမ့်နဲ့ မနက်အိပ်ယာကနိုးလာခဲ့တယ် သူနိုးနိုးချင်းခေါင်းအရမ်းကိုက်နေတာကို ခံစားနေလိုက်ရတယ် ညကသောက်တာများသွားတယ့်အရှိန်ကြောင့် ခေါင်းမထူနိုင်တာနဲ့ အိပ်ယာပေါ်မှာဘဲ မျက်လုံးလေးမှိတ်ပီးပြန်မှေးနေခဲ့တယ် သူပြန်မှေးနေတယ့်အချိန်မှာ သူ့ခေါင်းထဲကို အတွေးတခုရောက်လာခဲ့တယ် ညကငါအိမ်ကိုဘယ်လိုပြန်လာတာလဲ Omma ကကော ငါ့ကို စိတ်ဆိုးနေလား သူစဉ်းစားနေချိန်မှာဘဲ

* ဒုန်း ဒုန်း *

" ဟဲ့ Jimin မထသေးဘူး ကျောင်းသွားရမယ်လေ ထတော့"

သူကျောင်းသွားဖို့မေ့နေတာဘဲဆိုပီး အိပ်ယာပေါ်ကအသည်းအသန်ကုန်းထလိုက်သည်

" Omma ရေသားနိုးပီး"

"အေးအေး "

သူလဲ ommaကိုပြန်ပြောပီး ရေချိုးခန်းအသည်းအသန်ဝင်သွားခဲ့တယ် ပီးတော့မြန်မြန်အဝတ်အစားလဲ ပြင်ဆင်ပီး သူ့ရဲ့ ပုလင်းဖင်လောက်ရှိတယ့်မျက်မှန်ကြီးကိုတပ်ပီး အောက်ကိုဆင်းလာခဲ့သည် လှေကားနားလောက်လဲ ရောက်ကော သူ့အမေကိုကြည့်လိုက်တော့ မီးဖိုချောင်ထဲမှာအလုပ်ရှုပ်နေလေရဲ့
Omma က သူ့ကိုမြင်သွားတော့

"လာစားလေ ခုံပေါ်မှာ စားဖို့တင်ထားတယ် "

သူလဲ သူ့ommaကိုအားနာသလိုဖစ်နေတာကြောင့် ဘာစကားမှပြန်မပြောဘဲ စားပွဲခုံမှာဝင်ထိုင်လိုက်သည် Omma ကမျက်နှာထားတည်တည်နဲ့သာပြောနေတာ သူ့အတွက်တော့ ကင်မ်ချီထမင်းကြော်နဲ့ အမူးပြေ ပဲ‌ပင်ပေါက် ဟင်းရည်လေးပါ ချထားပေးတယ် သူလဲ  ချက်ထားတာတွေကိုတလှည့် သူ့ommaကိုပြုံးပီးတလှည့်ပြန်ကြည့်တော့ သူ့ommaက

" စားလေ ဘာလုပ်နေတာလဲ မြန်မြန်စားကျောင်းနောက်ကျနေပီ"

" Omma သားကိုစိတ်မဆိုးဘူးလား "

သူလဲ ommaကိုမမေးရဲမေးရဲနဲ့ မျက်နှာတောင်တည့်တည့်မကြည့်ဘဲ ခေါင်းငုံပီးသာ မေးလိုက်တယ်

" Omma စိတ်ဆိုးတော့ကော အဲ့ဖစ်တာတွေက ပြန်ပြင်လို့ရမှာလားပြော ဖစ်တာတွေက‌ဖစ်ပီးပီး ommaသားကိုမသောက်ခိုင်းတာက မနက်နိုးရင် အခုလိုခေါင်းတွေအရမ်းကိုက်နေမှာဆိုးလို့ မသောက်ခိုင်းတာ ပီးတော့ သားလဲအရွယ်ရောက်နေတယ့်ယောက်ျားလေးတယောက်ဘဲလေ သောက်တာလောက်ကတော့ Omma အပြစ်မပြောပါဘူး ဒါပေမဲ့ တန်ဆေးလွန်ဘေးသား သောက်တာကသောက် အလွန်အကျွံမဖစ်ဖို့ဘဲအရေးကြီးတယ် မနေ့ကသားသူငယ်ချင်းတွေ သေချာရှင်းပြသွားလို့ ommaနားလည်ပါတယ် တခါတလေဘဲ ommaခွင့်လွတ်ပါတယ်"

Crush Love 💚💛Where stories live. Discover now