Part 19 ( Unicode & Zawgyi )

479 58 6
                                    


Unicode

နံနက်ခင်းရောင်ခြည်လေးက ဆောင်းရာသီ ရဲ့မနက်ခင်းလေးမှာနွေးထွေးစွာနဲ့ ထွက်ပေါ်လာခဲ့သည်။အဲ့ဒီလိုဘဲ ပတ်ခ်ဂျီမင်းရဲ့ ဘဝမှာလဲ နတ်သားလေးလို့ သူချစ်စနိုးနဲ့ ခေါ်တယ့် ကင်မ်ထယ်ယောင်းဆိုတယ့် ကောင်လေးကလဲ သူ့ နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာ ‌ကနေ နွေးထွေးစွာနဲ့ထွက်ပေါ်လာခဲ့တယ်။

ပတ်ခ်ဂျီမင်းရဲ့ ဘဝမှာ ကင်မ်ထယ်ယောင်းကနံပါတ်တစ်ဦးစားပေးဘဲ။ကင်မ်ထယ်ယောင်း မျက်နှာညိုး‌နေရင် သူ့ရင်နာရသလို ကင်မ်ထယ်ယောင်းငိုရင် သူ့ဘဝကြီးပျက်စီးသွားသလိုပါဘဲ။ကျွန်တော်ပြောခဲ့ဖူးသလိုပါဘဲ ကင်မ်ထယ်ယောင်းကမီးလင်းဖိုကြီးဆို ကျွန်တော်ကအဲ့မီးကိုမှမကြောက်မလန့်နဲ့ဝင်တိုး နေတယ့်ပိုးဖလံလေးဆိုတာ။

ကျွန်တော်ဘယ်လောက်ဘဲခံစားရ၊နာကျင်ရ အဲ့မီးလင်းဖိုကြီးအနားကနေ မထွက်သွားနိုင်ခဲ့ဘူး။ဒါပေမဲ့ မီးလင်းဖိုကြီးကတော့ မစာနာတတ်ဘူးဗျာ။သူ့ရဲ့မီးကို အရှိန်အဟုန်အပြည့်နဲ့ လောင်ကျွမ်းနေခဲ့တာ....အနားမှာရှိနေတယ့်ပိုးဖလံလေးကိုသတိမထားမိသလိုပါဘဲ။

ကျွန်တော့်ရဲ့ အချစ်ဦးကြီးက တစ်ခါတစ်လေကြတော့လဲရက်စက်တတ်ပါတယ်ဗျာ........။

~~~~~~~~~~~~~

နေမင်းကြီးက ကောင်းကင်တခွင်မှာ သူရဲ့တာဝန်တွေကိုထမ်းဆောင်ဖို့အတွက် အသာယာဆုံးထွန်းလင်း တောက်ပနေခဲ့သည်။ဒီနေ့နေသာတယ်ထင်ပါတယ် ကောင်းကင်ပြာကြီးကခါတိုင်းနေ့တွေထက်ကြည်လင်နေခဲ့သည်။ ဒါပေမဲ့အလင်းဖျဖျတိုးဝင်နေ
တယ့် အခန်းငယ်လေးထဲက ကောင်လေးတစ်ယောက်ကတော့ အိပ်ယာထဲမှာလူးလိမ့်ရင်းခွေခေါက်နေလေရဲ့....။

"အားးးးး ခေါင်းကိုက်တယ်...!!!"

အဲ့ကောင်လေးကတော့ ပတ်ခ်ဂျီမင်းပေါ...။မနေ့က သူရဲ့ ရှုပ်နေတယ့်စိတ်တွေကို အရက်နဲ့ဖြေဖျောက်ဖို့အတွက် နတ်သားလေးနဲ့ အရက်အတူတူသောက်ခဲ့တာ များသွားတယ်ထင်ပါတယ်။ အခုတော့ ခေါင်းတွေကပေါက်ထွက်မတတ်ကိုကိုက်ခဲနေခဲ့သည်။မနေ့က ဘယ်လိုဘယ်လို အိမ်ပြန်ရောက်လာမှန်းလဲ သူမမှတ်မိဘူး။

Crush Love 💚💛Where stories live. Discover now