Part 17 ( Unicode & Zawgyi )

442 49 4
                                    


Unicode

အချိန်တွေကတစ်ရက်ပီး တစ်ရက်ကုန်‌ဆုံးလာလိုက်တာ ကျောင်းပွဲတော်ရက်တောင် ရောက်လာခဲ့ပီ ။ဒီတစ်ပတ်အတော်အတွင်းမှာ ဖစ်ပျက်သွားတာတွေက အများကြီးဘဲ။ဟိုကောင်လေးလဲ အနားမှာရှိနေခဲ့တာ ဒီနေ့ဆိုရင် တစ်ပတ်ပြည့်သွားခဲ့ပီ။ဒီတစ်ပတ်အတွင်းမှာ အနားမှာလိုက်ကပ်နေပေမဲ့လဲ ကျွန်တော့်ကိုတော့စိတ်အနှောက်ယှက်ဖစ်အောင်မလုပ်ခဲ့ဘူး။

အဲ့ကောင်လေးရောက်လာထဲက နတ်သားလေးကလဲကျွန်တော့်ကိုရှောင်နေတယ်။‌အရှင်းဆုံး‌ ပြောရရင်နမ်းမိတယ့်နေ့ထဲကပေါ့။မေးထူးခေါ်ပြော လောက်ဘဲ စကားပြောဖစ်တော့တယ်။ ကျောင်းသွားဖို့အတွက် ကျွန်တော်သွားခေါ်ပေမဲ့လဲ သူကစက်ဘီးဝယ်လိုက်ပီဆိုပီး သူ့ဘာသာသူကျောင်းကိုအရင်သွားနှင့်ခဲ့ပီ။ကျောင်းရောက်တော့လဲဟို queenဆီဘဲအမြဲတမ်းရောက်နေပီးတော့ တွဲနေကြပီဆိုတယ့်သတင်းတွေလဲကြားနေရတယ်။

ဒီတစ်ပတ်အတွင်းမှာထူးဆန်းတာတစ်ခုတော့ဖစ်ပျက်သွားတာရှိတယ်။နတ်သားလေးနဲ့ကျွန်တော်ရဲ့ နမ်းမိသွားတယ့်ပုံကို ဘယ်သူကကျောင်း pageမှာတင်လိုက်လဲမသိပါဘူး ကျွန်တော်တို့ကို shipတယ့်လူတွေကများလာကြတယ်။ကျောင်းထဲကတင်မဟုတ်ဘဲ အပြင်လူတွေကပါ shipနေကြတာ။ကျွန်တော်တို့အတွက် ပေးထားတယ့်နာမည်လေးကလဲ ချစ်စရာလေး Taemin တယ့်။ပီးတော့ဘယ်တုန်းကဘယ်လိုရိုက်ထားတယ့်ဓာတ်ပုံတွေ၊ ဗီဒီယိုတွေမှန်းလဲမသိပါဘူး Taemin moment ဆိုပီးတက်လာတာရှိသေးတယ်။

Queenနဲ့တွဲနေတာကိုသဘောမတူဘဲ ကျွန်တော်နဲ့လိုက်တာ သဘောတူတာဆိုပီး ပြောနေကြသေးတယ်။နတ်သားလေးကတော့အဲ့ဒါ တွေကြောင့်စိတ်ဆိုးနေမယ်ထင်ပေမဲ့ လဲကျွန်တော်ကတော့ညအိပ်တိုင်း အဲ့ဒါလေးတွေကိုပြေးပြေးကြည့်‌ နေရတာအမော။တချို့ကြတော့လဲလိင်တူကြိုက်တာ သဘောမတူဘူးဆိုပီး ရှုံချကြတယ့်လူတွေလဲရှိသေးတယ်။ဒါပေမဲ့ကျွန်တော်ဂရုမစိုက်ပါဘူး ဘာလို့လဲဆိုတော့သူတို့မ shipခင်အချိန်ထဲက ကိုယ်ကချစ်နေခဲ့ရတာလေ။ဘယ်လိုအတားအဆီးတွေဘဲရှိရှိ ကျွန်တော်ကတော့အဆုံးထိနတ်သားလေးကိုချစ်နေမှာဘဲ။

Crush Love 💚💛Where stories live. Discover now