Part 12 ( Unicode & Zawgyi)

467 57 3
                                    

Unicode

ဒီနေ့တော့ကျောင်းမသွား တော့ဘဲနဲ့နတ်သားလေးတို့အိမ်မှာဘဲနေလိုက်တော့သည်။မနေလို့လဲမရဘူးလေ ချစ်စရာကောင်းအောင်လုပ်ပြနေတော့ ဘယ်သူကအနားကနေထွက်သွားချင်မှာလဲ...။ပီး‌ တော့သူ့အနားမှာနေခိုင်းပီး သူဂျီကျသမျှကိုခံရတော့ပေါ့။နေမကောင်းရင် နတ်သားလေးရဲ့ချွဲချက်က ‌ကလေးတောင်ရှုံးတယ်ဗျာ။တစ်နည်းအားဖြင့် ချစ်ဖို့လဲကောင်းတာပေါ့...။

"Tae ရေ ဆန်ပြုတ်သောက်ရ‌မယ်နော် ရော့"

ကျွန်တော်လဲသူစားဖို့အတွက် အောက်မှာ အန်တီလုပ်ပေးထား
တယ့်ဆန်ပြုတ်ယူပီးပြန်လာတော့ မစားချင်လို့ထင်ပါတယ် အိပ်ချင်ယောင်ဆောင်နေလေရဲ့...။

"Tae မင်းအိပ်ချင်ယောင်ဆောင်နေတာငါသိတယ်နော် ထစားပီးဆေးသောက်ရမယ်"

ကျွန်တော်လဲ ပြောလိုက်ရော ကျွန်‌တော့်ဘက်ကိုမျက်နှာငယ်လေးနဲ့ သနားစရာကောင်းအောင်လှည့်လာလေသည်။

"Jiminarr ငါမစားလို့မရဘူးလား ဟင်ငါဆန်ပြုတ်မကြိုက်ဘူး"

"မရဘူး မင်းကနေမကောင်း‌ဖစ်နေတာ လာဂျီးများမနေနဲ့ မင်းကအခုချိန်မှာဆန်ပြုတ်မသောက်ချင်လို့ ဟော့ပေါ့စားချင်တာလား"

ရွဲ့ပီးပြောလိုက်တော့ မျက်နှာငယ်လေး ကနေချက်ချင်းပြုံးရွှင်လာပီး ကျွန်တော့လက်တစ်ဖက်ကို လာဆွဲ‌ လေသည်။

"အဲ့လိုစားလို့ကော မရဘူးလား ငါဟော့ပေါ့စားချင်တယ် ဟီးး"

ကျွန်တော် လက်တစ်ဖက်ကိုင်ကာ သူ့ကိုယ်လုံးလေးကိုလှုပ်ပီးတော့ပြော နေတာကိုကြည့်ပီး အသည်းတွေယားလာရပြန်သည်။ကျွန် တော်ကိုတခါမှမရီပြဖူးတယ့်နတ်သားလေးက အခုလိုလေးရီနေတော့လဲ လေးထောင့်ဆန်တယ့်အပြုံးလေးကလှလိုက်တာဗျာ။ဖစ်နိုင်ရင် ဒီဆန်ပြုတ်ပန်းကန်ကိုလွှတ်ပစ်လိုက်ပီး နတ်သားလေးလက်ကိုဆွဲကာ ဟော့ပေါ့ဆိုင်တန်းပြေးချင်လာပီ။ဒါပေမဲ့လဲစိတ်ကိုလျော့ထားရပါတယ် လေ။အခုလိုဖျားနေတယ့်အချိန်မှာဆန်ပြုတ်သောက်တာကအကောင်းဆုံးဘဲ။ကျွန်တော့်ရဲ့ပျော့ချင်လာတယ့်စိတ်ကို ပြန်ထိန်းပီး မျက်နှာတည်နဲ့သာပြန်ပြောလိုက်တော့သည်။

Crush Love 💚💛Where stories live. Discover now