Part 20 ( Unicode & Zawgyi )

493 57 4
                                    


Unicode

ဒီတစ်ခေါက်ပိတ်ရက်လေးကတော့ ကျွန်တော့်အိမ်မှာဘဲ အားလုံးစုံကြပီးတော့ ဖြတ်သန်းခဲ့ကြတယ်။အမေ့ကိုလဲ ဝိုင်းကူလုပ်ပေးရင်း မုန့်တွေလဲ အများကြီးလုပ်စားခဲ့ကြတယ်။အားလုံးပျော်ပျော်ပါးပါးနဲ့ စား‌လိုက်သောက်လိုက်ကြပါဘဲ...။

"Taehyung...မင်းကဘယ်လိုလုပ် Jiminအိမ်ရောက်နေတာလဲ"

Jin...ရဲ့အမေးကြောင့် အားလုံးကလဲ မုန့်စားတာရပ်လိုက်ကြပီး နတ်သားလေးရဲ့ အဖြေကိုဘဲ စောင့်နေကြတော့ ကျွန်တော်ကဘဲ ကြားထဲကနေဝင်ဖြေပေးလိုက်ရတယ်။

"Tae...ကဒီလမ်းထဲမှာဘဲ နေတာလေ ။အခုမှငါ့အိမ်ကိုလာတာမဟုတ်ဘူး အမြဲတမ်းလဲ လာနေကြ..."

"ဟုတ်လား... Taehyung မင်းကဘယ်တုန်းက အိမ်လည်တက်သွားတာလဲဟမ်...။အရင်တုန်းက ငါတို့လဲ တစ်လမ်းထဲ နေခဲ့တာပါဘဲ။ ဒါပေမဲ့ ငါအိမ်လည်ခေါ်ရင်တောင် ငါကသူများအိမ်မသွားတတ်ဘူးရှုပ်တယ် ဘာဖစ်‌တယ်ညာဖစ်တယ်ဆိုပီးတော့ ပြောခဲ့တယ့်လူက အခုတော့ဘယ်လိုဖစ်သွားတာလဲ..."

"စကားမများနဲ့ Jin...စားစရာရှိတာစား"

နတ်သားလေးရဲ့ ဟောက်လိုက်တယ့်အသံကြောင့် Jinလဲ ဘာမှဆက်မပြော တော့ဘဲနဲ့ သူစားစရာရှိတာကိုသာ ဆက်‌စားနေသည်။အားလုံး ကလဲသူတို့စားလက်စကိုသာ အေးအေးဆေးဆေးနဲ့ပြန်စားနေကြသည်။ကျွန်တော်တစ်ယောက်ထဲ အတွေးတွေများနေရင်းနဲ့သာ မစားနိုင်ခဲ့တာ။

နတ်သားလေးနဲ့ Jinတို့ပူးပူးကပ်ကပ်နေတာကို ကျွန်တော်မကြိုက်ဘူး ...ပြောရရင် သဝန်တိုတာပေါ့။သူတွဲသမျှမိန်းကလေးတိုင်းကိုလဲသဝန်တိုတယ်...ဒါပေမဲ့ Jinလောက်တော့မဟုတ်ဘူး။နတ်သားလေးက တွဲတယ် လို့သာနာမည်ရှိတာ အပြင်မှာဆိုလဲ ချိန်းတွေ့တာ ဆယ်ခါရံမှတစ်ခါဘဲလောက်ဘဲ။အနေမနီးဘူး...ကျွန်တော်ရှေ့မှာဆိုလဲ သိပ်မတွေ့ရဘူး။

Jin...နဲ့ကကြတော့ အမြဲတမ်းတစ်ပူးပူးတစ်တွဲတွဲ ရီလိုက်မောလိုက်နဲ့ ကျွန်တော့်ရှေ့မှာလိုလိုလားလား တစ်ခါမှမပြုံးပြဘူး
တယ့်အပြုံးတွေတောင် Jinရှေ့မှာဆိုရင် အမြဲလိုလိုတွေ့ရတတ်တယ်။ကျွန်တော်ဆိုတာလဲ မိန်းကလေးနဲ့ကြသဝန်အရမ်းမတိုဘဲ ယောက်ျားလေးနဲ့ကြမှ ထိန်းမနိုင်သိမ်းမရကို မနာလိုနေခဲ့တာ။

Crush Love 💚💛Where stories live. Discover now