"မင်းမထွက်ထွက်သွားအောင် ငါလုပ်ပြမယ်။"

ဒေါသတွေနဲ့ပြောသွားသူက အဆုံးထိသူ့ကိုကြည့်နေသည်မှာမလျှော့။ဘာတွေထပ်ပြီးကြံစည်နေလဲဆိုတာအကိုသာလျှင်သိပါလိမ့်မယ်။သူ့အနေနဲ့ကတော့ အကို့ရဲ့မျက်နှာကိုသာကြည့်ပြီးအလိုက်သင့်ပြန်နေရတော့မှာပေါ့။ အကို့ကိုသာချစ်တယ်။တကယ်လဲအဆုံးရှုံးမခံနိုင်တာကြောင့်အဆုံးထိကပ်တွယ်နေမိတာလည်းဖြစ်ပါလိမ့်မယ်။အကို့အနားမှာ သူရှိနေမှဖြစ်မှာ။ဒါကိုလဲအကိုသိပါလိမ့်မယ်။ခံစားချက်တွေကိုဝန်ခံထားတာကြောင့်လဲ အကိုကသူ့ကိုပိုပြီးခွင့်မလွှတ်နိုင်တာဖြစ်မယ်။

အရင်လို အကိုရုံးသွားရင်ပြင်ဆင်ပေးပိုင်ခွင့်မရှိတော့ သူ့မှာဖြင့်ငေးကြည့်ရုံပဲပေါ့။အကိုကသူပြင်ဆင်ပေးထားတဲ့ မနက်စာကိုတောင်စားမသွားတော့ပါ။တစ်ချက်မှလဲလှည့်ကြည့်ဖော်မရသလို ကျွန်တော့်ကိုတောင်ရှိတယ်လို့မထင်တော့။အကိုထွက်သွားပြီးတော့ ထယ်ယောင်းတစ်ယောက်ထဲဝမ်းနည်းလွန်းလို့အကျယ်ကြီးအော်ငိုနေမိတယ်။အကို့ရဲ့ဥပေက္ခာတွေကလေ တော်တော့်ကိုခံစားရတယ်။ထယ်ယောင်း လုပ်ခဲ့သမျှအပြစ်တွေအတွက်အသေအလဲခံစားနေရပါတယ်။ဒါတွေကို သိရဲ့နဲ့မိုက်ရူးရူးခဲ့တဲ့သူ့ကိုကံတရားကပြန်ပြီးအပြစ်ပေးတာပဲလား??။

နောက်ပြီး သူအကို့ကိုအရမ်းလဲစိုးရိမ််တယ်။အကိုသူ့ကိုဒီထပ်ပိုပြီးမုန်းသွားမှာပစ်ပယ်သွားမှာမျိုး။သူ့အနေနဲ့ ကံကောင်းလွန်းလို့အကို့ရဲ့ခွင့်လွှတ်မှုကိုရခဲ့သည်ရှိသော် အကို့ရဲ့အနားကနေထွက်သွားဖို့တော်တော်လေးကိုစဉ်းစားယူရဦးမှာပါ။ပြောခဲ့သလိုပဲပေါ့ အကို့ရဲ့အနားမှာသူက ကပ်တွယ်နေလို့ရသလောက်နေဦးမှာပဲ။ဒါကလဲ အပြစ်မရှိအပြစ်ရှာအချစ်ကိုပဲလွှဲချရဦးမယ်။

သြော်...အချစ်ရယ် တယ်လည်းဆိုးပါ့နော်။

>>>>>>>>>>>

"ဦး စားရတာအဆင်ပြေရဲ့လား??"

သူနဲ့အတူမနက်စာစားနေတဲ့ဦးကို ယွန်းဂီတစ်ယောက်ပြုံးရင်းမေးလိုက်တယ်။မနက်အစောကြီးအိမ်ကိုရောက်လာတဲ့သူက'ဘာမှမစားရသေးလို့တစ်ခုခုကျွေးပါ'ဆိုတော့ယွန်းဂီအနေနဲ့ ရှိတဲ့ထမင်းလေးကိုကင်မ်ချီလေးနဲ့အမြန်ကြော်ပေးလိုက်ရတယ်။အခုလဲစားနေတာလေးက မြိန်ရေရှက်ရေနဲ့မို့ယွန်းဂီတစ်ယောက်ပြုံးမိပြန်ပါရဲ့။ဦးနဲ့သူနဲ့အခုလိုမနက်စာအတူမစားရတာလဲ တော်တော့်ကိုကြာနေပြီလေ။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Où les histoires vivent. Découvrez maintenant