page_1

2.1K 116 26
                                    

Unicode

"ဒါ သားလက်ထပ်ရမဲ့သူ...နာမည်ကမင်ယွန်းဂီတဲ့...."

ဟိုဆော့ သူ့လက်ထဲသို့ထိုးပေးလာတဲ့ဓာတ်ပုံလေးတစ်ပုံကြောင့်သေသေချာချာလေးစိုက်ကြည့်နေမိသည်။မေမေ ပြောပြောနေတာကို အပိုလို့ထင်မိခဲ့တာ။ဒီ omegaလေးကတော်တော့်ကိုချောတာပဲ။အသားလေးလည်းဖြူစွတ်နေသလို၊ ရယ်နေတာလေးကအစ သားဖုံးရဲရဲလေးတွေကိုမြင်နေရသေးသည်။

"သားကို အမြန်စီစဥ်ပေးပါတော့အမေ..."

"ဟား..ဟား..အမေ့သားလေးက အမေနဲ့အကြိုက်ချင်းတူတာပဲ...ကြည့်ရတာလူပျိုကြီးတစ်ယောက်ရင်ခုန်သွားပြီနဲ့တူတယ်..."

"မေမေကလည်းဗျာ..."

"ဟဲဟဲ...အခုမှရှက်မနေပါနဲ့တော့သားရယ်..သားကိုအမေလူချင်းသွားတွေ့ခိုင်းတုန်းက အလုပ်မအားဘူး အိမ်ထောင်မပြုချင်ဘူးဆိုပြီးအမျိုးမျိုးအကြောင်းတွေပြ,အခုဓာတ်ပုံထုတ်ပြတော့မှပဲ မြန်မြန်စီစဥ်ပေးပါဟုတ်လား??"

"သားလည်း...မစဥ်းစားတတ်တော့ဘူးအမေ..ဘာလို့သူ့ကိုကျတော့မြင်မြင်ခြင်းသဘောကျသွားလဲဆိုတာ..."

"ဒါကဖြစ်တတ်ပါတယ်သားရယ်။အချစ်ရဲ့အစကမျက်စိကတဲ့...ငါ့သားကမြင်မြင်ခြင်းရင်ခုန်သွားတာပဲ။သူလေးက မျိုးရိုးအမြင့်ကြီးကမဟုတ်ပေမဲ့ မင်းဖေဖေရဲ့လူယုံMin Joon saeရဲ့တစ်ဦးတည်းသောသားလေးလေ။ဟိုတစ်လကျော်ကျော်တုန်းက Minမျိုးနွယ်တို့ရဲ့အိမ်သစ်တက်ပွဲကိုမေမေတို့သွားကြရင်းနဲ့ အဲ့ကလေးလေးကိုတွေ့လာခဲ့တာ။မင်းအဖေဆိုတာလေ yoonnieလေးဆိုတာပါးစပ်ဖျားကမချ။ ကလေးလေးကချစ်ဖို့ကောင်းတဲ့အပြင် လိမ္မာရေးခြားလည်းရှိတယ်။"

မေမေကတော့ ချီးမွမ်းခန်းတွေကိုဇာတ်တိုက်ဖွင့်နေလေရဲ့။ကလေးလေးဆိုတော့ ကြည့်ရတာကျွန်တော့်ထက်ငယ်မဲ့ပုံ။ကျွန်တော့်အသက်က အရမ်းကြီးနေတာတော့မဟုတ်ပေမဲ့နောက်လဆို သုံးဆယ်ပြည့်တော့မှာ။အဲ့တာကြောင့်မေမေကလည်း အသဲအသန်အိမ်ထောင်ချပေးတယ်ပေါ့။မြေးချီချင်တာတစ်ကြောင်းရယ်၊ သူ့သားကိုလူပျိုကြီးဆိုပြီးလိုက်စတာကိုမကြိုက်တာတစ်ကြောင်းရယ်။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Where stories live. Discover now