page_8

491 73 13
                                    

Unicode

"ယွန်းဂီ မင်းတံခါးဖွင့်စမ်း!! ဘာဖြစ်လာတာလဲဆိုတာကိုယ့်ကိုပြောဦး!!"

"ယွန်းဂီ!!"

ရောက်လာထဲကမျက်ရည်စက်လက်နဲ့ အခန်းတံခါးလည်းလော့ချကာတစ်အိအိရှိုက်ငိုနေတဲ့ကောင်လေးကြောင့် ဂျောင်ကုအပြင်ကနေစိတ်ပူပြီးအော်ခေါ်နေရသည်။နေ့ခင်းကရုံးကိုသွားတုန်းကတောင်အကောင်း။ပြန်လာမှ ငိုကြီးချမှတ်နဲ့ ဂျောင်ကုလည်းနားမလည်တော့ပါ။ရုံးမှာတစ်ခုခုများဖြစ်လာတာများလားဆိုပြီး အကိို့ကိုဖုန်းဆက်တော့လည်းအကိုက

"သူ ငါနဲ့စိတ်စိုးသွားတာ'' တဲ့။

ဘာ့ကြောင့်စိတ်စိုးသွားတာလဲမေးတော့ အကိုကလဲဘာမှမဖြေပြန်။ယွန်းဂီကလဲငိုနေတာလုံးဝကိုမရပ်တော့ သူပဲကြားထဲကတစ်ကယ့်ကိုစိတ်ဆင်းရဲရပါတယ်။လင်မယားရေးရာကဒီလောက်ရှုပ်ထွေးမှန်း သူလည်းလက်တွေ့ ကြုံတော့မှယုံရခက်၊ငိုရခက်နဲ့။ယွန်းဂီ အကြောင်းကောင်းကောင်းမသိပေမဲ့ဒီကောင်လေး ပုံစံကိုကြည့်ပြီးသူသနားမိတယ်။နဂိုထဲအနုအယွလေးပဲဖြစ်တာကြောင့် စိတ်ထဲမကောင်းမိပြန်တယ်။

ကျွီ!

သူ ထိုလူနှစ်ယောက်အကြောင်းစဉ်းစားနေစဉ်ရုတ်ချည်းဆိုသလိုပွင့်လာတဲ့ ယွန်းဂီအခန်းတံခါးကြောင့်ဂျောင်ကုလည်းလှမ်းကြည့်မိတယ်။မျက်ရည်လေးဝဲတဲတဲနဲ့ သူ့ကိုကြည့်နေတာလေးကတစ်ကယ့်ကိုဝမ်းနည်းနေတဲ့ပုံ။

"ယွန်းဂီ အဆင်ပြေလား"

"ဟင့်! ဦးကလေ companyမှာအခြား omegaလှလှတစ်ယောက်နဲ့အကြည်စိုက်နေတယ်~"

"ဘာရယ် အကိုက!"

"ဟင့် ဟုတ်! ဦးကလေ သေချာကိုအဲ့omega အကိုကို့စိုက်ကြည့်နေခဲ့တာ။ကျွန်တော့်ရင်တွေထဲမှာတစ်မျိုးကြီးပဲ သိလားအကို။ဦးကိုအဲ့လိုအခြားတစ်ယောက်နဲ့တွဲမြင်လိုက်ရတာကျွန်တော်အရမ်းငိုချင်လာတာပဲသိတယ် အီးဟီး!!"

ပြောရင်းဆိုရင်းနဲ့ ကိုယ့်ကိုလာဖက်ကာငိုနေတဲ့ယွန်းဂီကြောင့် ဂျောင်ကုသတိလက်လွှတ်ဖတ်ထားမိလိုက်တယ်။သူ့ကျောလေးကိုပုတ်ပြီးလည်း ပါးစပ်ကနေမငိုဖို့ချော့နေမိပြန်တယ်။အကိုကလည်း ဘာ့ကြောင့်စည်းမစောင့်ရတာလဲ။အကို့ကိုသူအဲ့လိုလူမျိုးလို့မထင်ထားပေမဲ့ ယွန်းဂီငိုလာပုံထောက်ရင်ဒါဟာရိုးရိုးသားသားမဖြစ်နိုင်ဘူးဆိုတာသိလိုက်ရတယ်။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Where stories live. Discover now