page_15

519 73 42
                                    

Unicode

"ဘာ ယွန်းဂီပျောက်သွားတယ်!"

တစ်ဖက်ကဖုန်းလှမ်းဆက်သူ ယောက္ခမဖြစ်သူကြောင့်ဟိုဆော့မှာ စိုးရိမ်စိတ်များဝင်လာရတော့တယ်။သဲငယ်လေးကသူ့ကိုစိတ်စိုးပြီးထွက်သွားတာလားလို့လည်း တွေးမိတယ်။

"ကျွန်တော်သူ့ကိုရအောင်ပြန်ရှာပေးပါ့မယ် အမေ"

"မင်းကျိန်းသေပေါက် ဒီကိစ္စကိုတာဝန်ယူပေးပါ။ အန်တီ့သားလေးတစ်ခုခုဖြစ်လို့ကတော့မင်းကိုအန်တီကိုယ်တိုင် တရားဆွဲပစ်မယ်!"

တီ!

တစ်ဖက်ကကျသွားတဲ့ဖုန်းအပြီး သူမျက်ရည်တွေဝဲလာရတော့တယ်။သဲငယ်လေးစိတ်ကိုအသိဆုံးမို့ အခုဆိုတစ်ယောက်ထဲရောက်တက်ရာရာလျှောက်လုပ်နေမှာပင်။သူ သဲငယ်လေးကိုရအောင်ပြန်ရှာရမယ်။ဒါတွေအားလုံးကသူ့အပစ်တွေပဲမို့ သဲငယ်လေးကစိတ်စိုးတာထက်စိတ်ပိုနာသွားနိုင်တာပင်။သဲငယ်လေးထွက်သွားလောက်မဲ့နေရာမျိုးကို သူအသဲအသန်စဥ်းစားကြည့်မိတယ်။

အခုချိန်မှာ ယောက္ခမဖြစ်သူထက်သူ့ရင်တွေပိုပူရပါတယ်။သဲငယ်လေးသာတစ်ခုခုဖြစ်ရင်သူသေရပါလိမ့်မယ်။ မနေ့ညကလဲတစ်ညလုံးသဲငယ်လေးဘေးနားမှာမရှိတော့အိပ်လို့မပျော်ခဲ့ပါ။ကလေးတစ်ယောက်ကြောင့်သဲငယ်လေးကိုစွန့်လွှတ်လိုက်ရတယ်ဆိုပေမဲ့ နှလုံးသားကတော့ဘယ်လိုနည်းမျိုးနဲ့မှလက်မလွှတ်နိုင်တာသူသာအသိဆုံးမလား??။တစ်ဖက်ကထယ်လေးကိုလည်းသူအားနာမိပါတယ်။သူ့ကြောင့်ဒီကောင်လေးနှစ်ယောက်လုံးရဲ့ရင်ထဲမှာအစိုင်အခဲကိုယ်စီနဲ့။

ဘုန်း! ဘုန်း!!

တွေးရင်း တွေးရင်းဒေါသဖြစ်လွန်းလို့နံရံတွေကိုစိတ်ကြိုက်ပစ်ထိုးမိတယ်။သဲငယ်လေးသာတစ်ခုခုဖြစ်သွားရင် သူ့တော့ရင်ကျိုးရချည်ရဲ့။ဒီလိုမှန်းသိရင်သူသဲငယ်လေးကိုအိမ်တောင်ပြန်ပို့ပေးမည်မဟုတ်ပါ။အဲ့တုန်းကပူထူပြီး ကလေး,ကလေးနဲ့ဆိုပြီးအရူးထနေမိခဲ့တာ။ဂျောင်ဟိုဆော့ရင်ထဲမှာ မင်ယွန်းဂီဆိုတဲ့လူတစ်ယောက်သာရှိတယ်။တကယ်ပဲသူလည်း နောင်တတွေနဲ့ပါ။ရွေးချယ်ရခက်တဲ့လမ်းနှစ်ခုမှာသူဟာ မိုက်ရူးရဲဆန်စွာနဲ့ကလေးတစ်ယောက်ကိုရွေးချယ်ခဲ့မိတယ်။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Where stories live. Discover now